တမူထူးခြားသော ထပ်ပေါင်းစုဆောင်းအသက်အာမခံ ၅/၃

ဝင်ငွေအလယ်အလတ်နှင့်အထက်ရှိသော မြန်မာနိုင်ငံသားများနှင့် ပြည်တွင်းနေ နိုင်ငံခြားသားများအတွက် အကြောင်းအမျိုးမျိုးကြောင့် တွေ့ ကြုံရမည့် ငွေကြေးအခက်အခဲကို လျော့ချပေးပြီး အာမခံ အကျိုးခံစားခွင့်များကို ရရှိနိုင်မည့်အပြင် အခြားသော စုဆောင်းမှု အကျိုးခံစားခွင့်များကို ရရှိစေနိုင်ရန် ရည်ရွယ်ပါသည်။

ဆပွားကာကွယ်အသက်အာမခံ

ဆပွားကာကွယ်အသက်အာမခံ (Smart ProTek 5/5 Life Insurance) က မြန်မာနိုင်ငံသားများ နှင့် ပြည်တွင်းနေ နိုင်ငံခြားသား အာမခံထားသူ မိသားစုဝင်၏ လက်ရှိ လူနေမှုအဆင့်အတန်းအခြေအနေကို ဆက်လက်ထိန်းသိမ်းထားနိုင်သော ငွေကြေးအကာအကွယ်ကို ဆောင်ကျဥ်ပေးနိုင်ရန် ရည်ရွယ်ပါသည်။

Smart Legacy 5/5

ဝင်ငွေအလယ်အလတ် နှင့် အထက်ရှိသော မြန်မာနိုင်ငံသားများ နှင့် ပြည်တွင်းနေ နိုင်ငံခြားသားများ အတွက် အကြောင်းအမျိုးမျိုးကြောင့် တွေ့ကြုံရမည့် ငွေကြေးအခက်အခဲကို လျှော့ချပေးမည့်အပြင် ငွေကြေးစီမံခန့်ခွဲနိုင်စေရန် ရည်ရွယ်ပါသည်။

ဆေးရုံတက်ခြင်းနှင့် ခွဲစိတ်ကုသခြင်းအတွက် ထပ်ဆောင်းအကာအကွယ်

အာမခံထားသူများအတွက် ငွေစုခြင်းနှင့် အတူတကွ ပြီးပြည့်စုံသည့် ထပ်ဆောင်း ကျန်းမာရေးစောင့်ရှောက်မှု အကာအကွယ် နှင့် ကျန်းမာရေးပြသနာများကြုံတွေ့လာရသည့်အခါ ငွေရေးကြေးရေး အထောက်ပံ့များ ရရှိစေနိုင်ရန်ရည်ရွယ်ပါသည်။

စုပေါင်းကျန်းမာရေး နှင့် မတော်တဆ ထိခိုက်မှုအာမခံ

မထင်မှတ်ထားသောဖြစ်ရပ်များကြုံတွေ့လာရသည့်အခါ အလုပ်ရှင်များ မိမိတို့ ၀န်ထမ်းများနှင့် ၎င်းတို့ မိသားစု၀င်များအတွက်ငွေရေးကြေးရေး အကာအကွယ်ပေးနိုင်စေရန် ရည်ရွယ်ပါသည်။