စီဘီလိုက်ဖ်အကြောင်း
"သင့်ဘ၀အနာဂတ်လုံခြုံဖို့ CB Life မှာ အာမခံထားကြစို့"
စီဘီလိုက်ဖ်အကြောင်း
၂၀၁၂ခုနှစ်၌ စတင်တည်ထောင်ခဲ့သော နိုင်ငံသားစီးပွားရေးအများပိုင်လီမိတက် အနေဖြင့် အသက်အာမခံနှင့် ကျန်းမာရေးအာမခံဆိုင်ရာဝန်ဆောင်မှုများကို မြန်မာနိုင်ငံ၏ မြို့နေပြည်သူလူထုအတွက်လည်းကောင်း၊ အသေးစား ကိုယ်ခန္ဓာထိခိုက်မှုအာမခံဝန်ဆောင်မှုများကို သမဝါယမ အဖွဲ့အစည်းများမှတဆင့် ကျေးလက်နေပြည်သူလူထု အတွက်လည်းကောင်း အာမခံနှင့် ပတ်သက်သော ဝန်ဆောင်မှုများအား ပေးအပ်လျက်ရှိပါသည်။
ဆက်လက်ဖတ်ရှုရန်
၂၀၁၉ခုနှစ် နိုဝင်ဘာလ (၂၈)ရက်နေ့၌ နိုင်ငံသားစီးပွားရေးအများပိုင်လီမိတက်အနေဖြင့် ထိုင်းနိုင်ငံ၏ ဒုတိယမြောက်အင်အားအကြီးဆုံးဖြစ်သော အသက်အာမခံကုမ္ပဏီတစ်ခုဖြစ်သည့် Thai Life Insurance နှင့် မိတ်ဖက်ပြုလုပ်ကာ “စီဘီအသက်အာမခံကုမ္ပဏီလီမိတက်”ကို ဖွဲ့စည်းခဲ့ပါသည်။
ဤကဲ့သို့ မိတ်ဖက်ပြုလုပ်ခြင်းသည် ရေရှည်တည်တံ့ခိုင်မြဲသော အသက်အာမခံဆိုင်ရာ ပူးပေါင်းဆက်ဆံရေး ကိုသာမက ယင်းမှ တဆင့် မြန်မာ့လူမှုအဖွဲ့အစည်းကို အကျိုးပြုစေမည်ဖြစ်ပြီး၊ တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုပါ ဖြစ်ထွန်းစေမည် ဖြစ်ပါသည်။
စီဘီအသက် အာမခံလုပ်ငန်း ဖွဲ့စည်းတည်ထောင်ရခြင်းအကြောင်းအရင်း
မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်းသည် ပြည်သူလူထုကြားသို စိမ့်ဝင်ပျံ့နှံမှုအားနည်းနေပါသေးသည်။ ဤအချက်ကပင် CB လုပ်ငန်းစုအတွက် အလေးထားစဉ်းစားစရာဖြစ်လျက်ရှိပါသည်။
ဆက်လက်ဖတ်ရှုရန်
စီးပွားရေးပြန်လည်ပြုပြင်တည်ဆောက်မှု၏ အကျိုးဆက် အနေဖြင် (၂၀၁၂)ခုနှစ်တွင် စီဘီလုပ်ငန်းစုအနေဖြင့် နိုင်ငံသားစီးပွားရေး(အများပိုင်)လီမိတက်ကို ဖွဲ့စည်းတည်ထောင် ခဲ့ပါသည်။
နိုင်ငံသားစီးပွားရေး(အများပိုင်)လီမိတက်ကို တည်ထောင်ရသည့် အဓိက တွန်းအားမှာ စွန့်ဦးတီထွင်သူများ အသေးစားနှင့် အလတ်စားလုပ်ငန်းများနှင့် အခြားသော ရင်းနှီးမြှုပ်နှံလိုသူများ အတွက် ယှဉ်ပြိုင်မှုအားကောင်းပြီး အသစ်အဆန်းဖြစ်နေသည့် စျေးကွက်အတွင်း၌ လုပ်ကိုင်ဆောင်ရွက်ရန်အခွင့်အလမ်းနည်းပါးနေသည့်အတွက် မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ချက်များကို တစ်ထောင့် တစ်နေရာမှာ အားပေးပံ့ပိုးလိုခြင်းဖြစ်ပါသည်။
ကျွန်ုပ်တို့ ၏ အနာဂတ်ပုံရိပ်အမြင်၊ ရည်မှန်းချက် နှင့် ခံယူချက်တန်ဖိုးများ
အနာဂတ်ပုံရိပ်အမြင်
လူ့အဖွဲ့အစည်းအား ဆန်းသစ်သော အသက်အာမခံ ပေါ်လစီများနှင့် အဆင့်အတန်း မြင့်မားသော ဝန်ဆောင်မှုများပေးခြင်းဖြင့် ပါဝင်ပတ်သက်နေသူအားလုံး၏ ကြွယ်ဝချမ်းသာမှုများကို စဉ်ဆက်မပြတ် ဖော်ဆောင်ပေးမည့် အသက်အာမခံကုမ္ပဏီ ဖြစ်လာစေရန် ရည်ရွယ်ပါသည်။
ရည်မှန်းချက်
ကျွန်ုပ်တို့ ကုမ္ပဏီအား အစဉ်အားပေးလျက်ရှိသော လူကြီးမင်းများ၏ ဘဏ္ဍာရေးလုံခြုံမှု အကာအကွယ်ကို ပေးနိုင်ရန်၊ စုဆောင်းမှုနှင့် ရင်းနှီးမြှုပ်နှံမှု အထောက်အကူပြု ဆန်းသစ်သော အာမခံအမျိုးအစား၊ အမယ်အသစ်များနှင့် ဝန်ဆောင်မှုပေးရန်။
ခံယူချက်တန်ဖိုးများ
Customer ဦးစားပေးဝန်ဆောင်မှု
Customer များ စိတ်တိုင်းကျဖြစ်စေမည့် အကောင်းမွန်ဆုံး အာမခံ ပေါ်လစီများနှင့် ဝန်ဆောင်မှုများကိုသာ ပေးခြင်း။
ထိုက်သင့်သောယုံကြည်မှု
ကုမ္ပဏီအနေဖြင့် ပေးထားသော ကတိကဝတ်များကို အသက်ထက်ဆုံး စောင့်ထိန်းခြင်း။
ငွေကြေးအင်အား
ဘဏ္ဍာရေးတောင့်တင်းပြီးလျော်ကြေးပေးချေမှုကို မှန်ကန်လျင်မြန်စွာ ဆောင်ရွက်ပေးခြင်း။
ယုံကြည်စိတ်ချရမှု
အာမခံထားသူတို့၏ ယုံကြည်မှုကို ရရှိရေးအတွက် သက်ဆိုင်ရာ သတင်း အချက်အလက်များကို လျို့ဝှက်ထိန်းသိမ်းခြင်း။
ရိုးသားဖြောင့်မတ်မှု
အစွမ်းကုန် ရိုးသားဖြောင့်မတ်မှု နှင့် အကောင်းမွန်ဆုံး ဆောင်ရွက်ပေးခြင်း။
ပူးပေါင်းဆောင်ရွက်မှု
Customer များနှင့် လိုက်လျောညီထွေပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကောင်းမွန်သော အဖွဲ့အစည်းတစ်ခုဖြင့် ရပ်တည်ခြင်း။
အကောင်းမွန်ဆုံးဝန်ဆောင်မှု
ကျွန်ုပ်တို့၏ အာမခံပေါ်လစီများနှင့် ဝန်ဆောင်မှုများကို အကောင်းမွန်ဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ခြင်း။
စုပေါင်းဆောင်ရွက်မှု
အသင်းအဖွဲ့ဖြင့် လုပ်ကိုင်ခြင်းဖြင့် သတင်းအချက်အလက်များ ဖလှယ်ဖြန့်ဝေနိုင်ပြီး customer များ၏ အကျိုးအမြတ်ကို စုပေါင်းဆောင်ရွက်ပေးခြင်း။