အကြီးတန်း မန်နေဂျာ၊ လျော်ကြေးငွေ ထုတ်ပေးသည့်ဌာန
ကျွန်မကတော့ စီဘီလိုက်ဖ် အသက်အာမခံ ကုမ္ပဏီလီမိတက်၌ အကြီးတန်း မန်နေဂျာရာထူးဖြင့် လျော်ကြေးငွေ ထုတ်ပေးသည့်ဌာန၏ တာဝန်များကို ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာ့အာမခံ လုပ်ငန်းမှ သက်ပြည့်ပင်စင်ဖြင့် အငြိမ်းစားယူခဲ့ပြီး (၂၀၁၂) ခုနှစ်တွင် စီဘီလိုက်ဖ် အသက်အာမခံ၌ စတင်လုပ်ကိုင်ခဲ့ပါသည်။ ကျွန်မ၏ လုပ်သက် (၈) နှစ်အတွင်း စီဘီလိုက်ဖ် အသက်အာမခံသည် ဝန်ထမ်းများ၏ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ဖြင့် လုပ်ကိုင်ဆောင်ရွက်ခြင်းကြောင့် အာမခံစျေးကွက်အတွင်း၌ တင့်တင့်တယ်တယ် ဖြင့် ရပ်တည်နေနိုင်သည်ကို ဝမ်းမြောက်ဝမ်းသာ တွေ့မြင်ရပါသည်။
အကြီးတန်း မန်နေဂျာ၊ အေဂျင်စီ ဌာန
စီဘီလိုက်ဖ် အသက်အာမခံ ကုမ္ပဏီလီမိတက်တွင် သူငယ်ချင်းတစ်ယောက်၏ မိတ်ဆက်ပေးမှုကြောင့် (၂၀၁၃) ခုနှစ်မှစတင်၍ ကြီးကြပ်ရေးမှူးရာထူးဖြင့် Agency Department (Sales and Marketing) တွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ယခုအခါ ကျွန်မ၏ မလျှော့သော ဇွဲ၊ လုံ့လ နှင့် ကြိုးစားလုပ်ကိုင်မှု၏ ရလဒ်အနေဖြင့် အကြီးတန်း မန်နေဂျာ ရာထူးဖြင့် ပျော်ရွှင်စွာ လုပ်ကိုင်လျက် ရှိပါသည်။ လုပ်ငန်းခွင်အတွင်း၌လည်း တစ်ဦးနှင့် တစ်ဦး အချင်းချင်း ရိုင်းပင်း ကူညီပြီး ဖေးမ ကြသောကြောင့် ချစ်စရာကောင်းသော ပတ်ဝန်းကျင်တွင် အလုပ် လုပ်နေရသလို ခံစားမိပါသည်။ ကျွန်မ၏ ဝါသနာနှင့် ကိုက်ညီသော လမ်းကြောင်းပေါ် ရောက်နေသည့် အတွက်လည်း ဝမ်းသာမိပါသည်။
ကြီးကြပ်ရေးမှူး၊ စာရင်း နှင့် ဘဏ္ဍာရေး ဌာန
ကျွန်မကတော့ မသက်ရည်စိုးပါ။ စီဘီအသက်အာမခံ ကုမ္ပဏီ ကို မေလ၊ ၂၀၁၉ မှ စတင်ဝင်ရောက်ခဲ့ပြီး စာရင်းနှင့် ဘဏ္ဍာရေး ဌာနတွင် ကြီးကြပ်ရေးမှူး ရာထူးနှင့် လက်ရှိ တာဝန်များကိုထမ်းဆောင်လျက် ရှိပါတယ်။ စီဘီအသက်အာမခံ ကို သဘောအကျဆုံးအချက်ကတော့ Career Development ကို သိသိသာသာ အားပေးခြင်း ဖြစ်ပါတယ်။ Training Program များဖြင့် ဝန်ထမ်းများ၏ Career Development အတွက် ကြိုးစားသလောက် အရာထင်အောင် အထောက်အပံ့ တစ်ခု အနေနဲ့ပံ့ပိုးပေးထားပါတယ်။ Customer တွေအပေါ် အလွန် ဂရုစိုက်တဲ့ စံနှုန်းရှိတဲ့ ကုမ္ပဏီ၊ လူမှုပတ်ဝန်းကျင် အတွက် လုံခြုံစိတ်ချမှု ပေးနေတဲ့ လုပ်ငန်းတစ်ခု မှာ အလုပ်လုပ်နေရတဲ့ အတွက်လည်း ကိုယ့်ကိုယ်ကို ဂုဏ်ယူမိပါတယ်။ ကျွန်မကို အတွေ့အကြုံ အသစ်၊ လုပ်ပိုင်ခွင့်၊ ပညာဆက်လက် သင်ယူခွင့် များဖြင့် တိုးတက်အောင် ကူညီပေးတဲ့ စီဘီလိုက်ဖ် အသက်အာမခံ ကုမ္ပဏီ လီမိတက်၏ အဓွန့်ရှည် တည်တံ့မှု၊ အောင်မြင်တိုးတက်မှု တွေအတွက်လည်း ကျွန်မတတ်စွမ်းသမျှ တစ်ထောင့်တစ်နေရာကနေ ပြန်လည်အကျိုးပြု သွားပါမယ်။
အကြီးတန်းလက်ထောက်၊ သတင်းအချက်အလက် နှင့် နည်းပညာ ဌာန
ကျွန်မနာမည်မှာ မြသီတာဆွေဖြစ်ပြီး B.E (Electronics) ဖြင့် ဘွဲ့ရရှိကာ စီဘီလိုက်ဖ် အသက်အာမခံ ကုမ္ပဏီလီမိတက် ၏ သတင်းအချက်အလက် နှင့် နည်းပညာ ဌာန တွင် အကြီးတန်းလက်ထောက် ရာထူးဖြင့် (၂၀၁၉) ခုနှစ် နိုဝင်ဘာလ မှစတင်ကာ ဝင်ရောက်လုပ်ကိုင်ခဲ့ပါသည်။ စီဘီလိုက်ဖ် အသက်အာမခံ ကုမ္ပဏီလီမိတက် တွင် နယ်ပယ်အသီးသီးမှ အလုပ်ဝင်ရောက်သူများစွာရှိပြီး အချင်းချင်း ရိုင်းပင်းကူညီ၍ အသစ်ဝင်ရောက်လာသူများကို နွေးထွေးစွာ ကြိုဆိုကြသည့်အတွက် အစစ အရာရာ အဆင်ပြေပြီး ပျော်ရွှင်စရာကောင်းသော လုပ်ငန်းခွင်တစ်ခုလို ခံစားရပါတယ်။ စီဘီလိုက်ဖ် အသက်အာမခံကုမ္ပဏီ လီမိတက်တွင် အလုပ်လုပ်ကိုင်ရခြင်းဖြင့် နေ့စဉ်နေ့တိုင်း ပညာများ လေ့လာသင်ယူပြီး မိမိကိုယ်ကို တိုးတက်စေမည့် အခွင့်အလမ်းများစွာ ရရှိပါသည်။ ဒါကြောင့်မို့ သင်တို့လည်း စီဘီလိုက်ဖ် အသက်အာမခံကုမ္ပဏီ လီမိတက်တွင် အလုပ်လျှောက်ထားဖို့ တိုက်တွန်းလိုက်ပါရစေ။
Male/Female (1) Post
Posted Date : 10 / 05 / 2020
Male/Female (30) Posts
Posted Date : 10 / 05 / 2020
စုံစမ်းမေးမြန်းလိုသည်များရှိပါသလား။ လူကြီးမင်းအနေဖြင့် အသက်အာမခံနှင့် ပတ်သက်ပြီး သိရှိလိုသည်များကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
© Copyright 2020 All right reserved by CB Life Insurance