အာမခံအမျိုးအစားများ

အာမခံအမျိုးအစားများ


Smart Legacy 5/5

ဝင်ငွေအလယ်အလတ် နှင့် အထက်ရှိသော မြန်မာနိုင်ငံသားများ နှင့် ပြည်တွင်းနေ နိုင်ငံခြားသားများ အတွက် အကြောင်းအမျိုးမျိုးကြောင့် တွေ့ကြုံရမည့် ငွေကြေးအခက်အခဲကို လျှော့ချပေးမည့်အပြင် ငွေကြေးစီမံခန့်ခွဲနိုင်စေရန် ရည်ရွယ်ပါသည်။

အကျိုးကျေးဇူးများ

• ငွေရေးကြေးရေး စိတ်ချရမှုရှိခြင်း။
• စုဆောင်းတတ်သည့် အလေ့အကျင့်ကောင်းများရရှိခြင်း။
• ဝင်ငွေခွန် သက်သာမှုရှိခြင်း။
• စိတ်ငြိမ်းချမ်းမှု ရှိခြင်း။
• နှစ်စေ့ချိန်တွင် စုဆောင်းလာခဲ့သော ငွေပေါ် ၌ ပမာဏတစ်ခု ပြန်လည်ရရှိခြင်း။ (Good Return on the Saving)

အဓိကအချက်အလက်များ

• သေချာပေါက် ပေါ်လစီထုတ်ပေးမည်။ Guaranteed Issue Offer (GIO)
• ပေါ်လစီသက်တမ်း – ၅ နှစ်
• ပရီမီယံသက်တမ်း – ပေါ်လစီအစပြုသည့်နေ့မှစ၍ (၅) နှစ်အတွင်း
• ကနဦးအာမခံထားငွေ – ၂,၅၀၀,၀၀၀ ကျပ် မှ အမေရိကန် ဒေါ်လာ ၁၅,၀၀၀ နှင့် ညီမျှသော မြန်မာကျပ်ငွေ ပမာဏအထိ
ဥပမာ – အမေရိကန် ၁ ဒေါ်လာ = ၂,၀၀၀ ကျပ် (နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ နေ့စဉ်ပြောင်းလဲမှုရှိနိုင်ပါသည်။)
အမေရိကန် ဒေါ်လာ ၁၅,၀၀၀ x ၂,၀၀၀ ကျပ် = ၃၀,၀၀၀,၀၀၀ ကျပ်
• အာမခံထားနိုင်သူ၏ အသက်အရွယ် – အသက် ၅ နှစ် မှ ၆၅ နှစ် အထိ
(အသက် (၁၈)နှစ်အောက်ဖြစ်ပါက မိဘ (သို့) အုပ်ထိန်းသူမှ ထားပေး ရပါမည်။)
• ဆေးစစ်ရန်မလိုအပ်ပါ။

အကျိုးခံစားခွင့်များ

• နှစ်စေ့ အကျိုးခံစားခွင့် (ကနဦးအာမခံထားငွေ၏ ၅၅၅% (သို့) ပေးသွင်းခဲ့သော ပရီမီယံစုစုပေါင်း၏ ၁၁၃.၇%)
• သေဆုံးမှု အကျိုးခံစားခွင့် နှင့် မတော်တဆသေဆုံးမှု အကျိုးခံစားခွင့် (အများဆုံး ကနဦးအာမခံထားငွေ၏ ၇၀၀%ထိ ရရှိန်ုင်ခြင်း)

အကျိုးခံစားခွင့်မရနိုင်သည့် အချက်များ

အာမခံထားသူသည်အောက်ဖော်ပြပါ အကြောင်းကိစ္စရပ်တစ်ခုခုကြောင့် သေဆုံးခြင်း (သို့) မတော်တဆ သေဆုံးခြင်း တို့အတွက် သေဆုံးမှု အကျိုးခံစားခွင့် နှင့် မတော်တဆသေဆုံးမှု အကျိုးခံစားခွင့်တို့ကို မပေးချေပါ။ သို့သော် ပေးသွင်းထားသော စုစုပေါင်း ပရီမီယံကိုသာ ပြန်လည်ပေးအပ်မည် ဖြစ်ပါသည်။
• အာမခံစသည့်နေ့မှ (၁) နှစ်အတွင်း မိမိကိုယ်ကို သတ်သေခြင်း။
• ပေါ်လစီရှင်၏ တမင်ရည်ရွယ်လုပ်ဆောင်မှုဖြစ်ခြင်း။
• အာမခံထားသူမှ ရာဇဝတ်မှုကျူးလွန်ခြင်း၊ ဥပဒေချိုးဖောက်ခြင်း။
• မူးယစ်ဆေးဝါး(သို့မဟုတ်)ဘေးအန္တရာယ်ဖြစ်စေသော ဆေးကိုသုံးစွဲခြင်း။
• စစ်ဖြစ်ပွားခြင်း (စစ်ကြေညာသည်ဖြစ်စေ၊ မကြေညာသည်ဖြစ်စေ) ၊ စစ်အသွင်တိုက်ခိုက်ခြင်း၊ ပြည်တွင်းစစ်၊ ပုန်ကန်ခြင်း၊ အဓိကရုဏ်း၊ စစ်တပ်(သို့) လူထုအုံကြွခြင်း၊ သောင်းကျန်းခြင်း၊ သူပုန်ထခြင်း၊ တော်လှန်ခြင်း၊ စစ်မက်ဖြစ်ပွားခြင်း၊ စစ်အမိန့်ထုတ်ပြန်ခြင်း၊ အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ပြည်တွင်းဆူပူသောင်းကျန်းခြင်း၊ ၎င်းတို့ကို ဖြစ်ပေါ်စေသော အကြောင်းအရင်းများ (သို့မဟုတ်) ၎င်းတို့၏ အကျိုးဆက်ကြောင့် သေဆုံးခြင်း။
• သူတစ်ပါး၏ လက်ချက်ကြောင့်ဖြစ်စေ၊ သူတစ်ပါး၏ ကြိုးပမ်းအားထုတ်မှုကြောင့် ဖြစ်စေ၊ ယင်းနှင့် စပ်လျဉ်း၍ဖြစ်စေ သေဆုံးခြင်း။

ပိုမိုသိရှိလိုပါက အချက်အလက်များကိုဖြည့်ပေးပါ။

    more-info