တမူထူးခြားသော ထပ်ပေါင်းစုဆောင်းအသက်အာမခံ ၅/၃
ဝင်ငွေအလယ်အလတ်နှင့်အထက်ရှိသော မြန်မာနိုင်ငံသားများနှင့် ပြည်တွင်းနေ နိုင်ငံခြားသားများအတွက် အကြောင်းအမျိုးမျိုးကြောင့် တွေ့ ကြုံရမည့် ငွေကြေးအခက်အခဲကို လျော့ချပေးပြီး အာမခံ အကျိုးခံစားခွင့်များကို ရရှိနိုင်မည့်အပြင် အခြားသော စုဆောင်းမှု အကျိုးခံစားခွင့်များကို ရရှိစေနိုင်ရန် ရည်ရွယ်ပါသည်။
အကျိုးကျေးဇူးများ
- ငွေရေးကြေးရေး စိတ်ချရမှုရှိခြင်း။
- အသက်အာမခံအကာအကွယ်။
- စုဆောင်းတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိခြင်း။
- နှစ်စေ့ချိန်တွင် စုဆောင်းလာခဲ့သော ငွေပေါ် ၌ ပမာဏတစ်ခု ပြန်လည်ရရှိခြင်း။ (High Return on the Saving)
- ဝင်ငွေခွန် သက်သာမှုရှိခြင်း။
- စိတ်ငြိမ်းချမ်းမှု ရှိခြင်း။
အဓိကအချက်အလက်များ
- သေချာပေါက် ပေါ်လစီထုတ်ပေးမည်။ Guaranteed Issue Offer (GIO)
- ဆေးစစ်ရန်မလိုအပ်ပါ။
- ပေါ်လစီသက်တမ်း – ၅ နှစ်
- ပရီမီယံသက်တမ်း – ပေါ်လစီအစပြုသည့်နေ့မှစ၍ (၃) နှစ်အတွင်း
- အနည်းဆုံး ကနဦးအာမခံထားငွေ ကျပ် သိန်း ၃၀ မှ စ၍ ထားနိုင်ပါသည်။
- အာမခံထားနိုင်သူ၏ အသက်အရွယ် – အသက် ၅ နှစ် မှ ၆၅ နှစ် အထိ (အသက် (၁၈)နှစ်အောက်ဖြစ်ပါက မိဘ (သို့) အုပ်ထိန်းသူမှ ထားပေး ရပါမည်။)
အကျိုးခံစားခွင့်များ
- ရှင်သန်မှု အကျိုးခံစားခွင့် (ကနဦးအာမခံထားငွေ၏ ၅% မှ ၁၅% ထိ Cash Back)
- နှစ်စေ့ အကျိုးခံစားခွင့်
- သေဆုံးမှု အကျိုးခံစားခွင့် နှင့် မတော်တဆသေဆုံးမှု အကျိုးခံစားခွင့် (အများဆုံး ကနဦးအာမခံထားငွေ၏ ၅၀၀%ထိကို ပေးသွင်းထားသော ပရီမီယံနှင့် ချိန်ညှိကာ ရရှိနိုင်ခြင်း)
အကျိုးခံစားခွင့်မရနိုင်သည့် အချက်များ
အာမခံထားသူသည် အောက်ဖော်ပြပါ အဖြစ်အပျက် တစ်ခုခုကြောင့် ဖြစ်ပေါ်လာသော သေဆုံးခြင်းအတွက် သေဆုံးမှုအကျိုးခံစားခွင့်ကို ပေးအပ်မည်မဟုတ်ပါ။
- အာမခံစသည့်နေ့မှစ၍ (၁)နှစ်အတွင်းမိမိကိုယ်ကို သတ်သေခြင်း။
- ပေါ်လစီရှင်၏ တမင်ရည်ရွယ်လုပ်ဆောင်မှုဖြစ်ခြင်း။
- အာမခံထားသူက ရာဇဝတ်မှုကျူးလွန်ခြင်း၊ ဥပဒေချိုးဖောက် ခြင်း။
- မူးယစ်ဆေးဝါး (သို့မဟုတ်) ဘေးအန္တရာယ်ဖြစ်စေသော ဆေးကို သုံးစွဲခြင်း။
- စစ်ဖြစ်ပွားခြင်း (စစ်ကြေငြာသည်ဖြစ်စေ၊ မကြေငြာသည် ဖြစ်စေ)၊ စစ်အသွင်တိုက်ခိုက်ခြင်း၊ ပြည်တွင်းစစ်၊ ပုန်ကန်ခြင်း၊ အဓိကရုဏ်း၊ စစ်တပ်(သို့) လူထုအုံကြွခြင်း၊ သောင်းကျန်းခြင်း၊ သူပုန်ထခြင်း၊ တော်လှန်ခြင်း၊ စစ်မက်ဖြစ်ပွားခြင်း၊ စစ်အမိန့်ထုတ်ပြန်ခြင်း၊ အကြမ်းဖက် တိုက်ခိုက်ခြင်းနှင့် ပြည်တွင်းဆူပူသောင်းကျန်းခြင်း၊ ၎င်းတို့၏အကျိုးဆက်ကြောင့် သေဆုံးခြင်း။
- သူတစ်ပါး၏ လက်ချက်ကြောင့်ဖြစ်စေ၊ သူတစ်ပါး၏ကြိုးပမ်း အားထုတ်မှုကြောင့်ဖြစ်စေ၊ ယင်းနှင့်စပ်လျဉ်း၍ဖြစ်စေ သေဆုံးခြင်း။
- အကျုံးမဝင်သည့် ကိစ္စရပ်များကြောင့်ဖြစ်ပေါ်လာသော သေဆုံးမှုအကျိုးခံစားခွင့်ကို လိမ်လည်တောင်းခံခြင်း။