တမူထူးခြားသည့် စုဆောင်းမှု အသက်အာမခံ
ဝင်ငွေအလယ်အလတ် နှင့် အထက်ရှိသော မြန်မာနိုင်ငံသားများနှင့် ပြည်တွင်းနေ နိုင်ငံခြားသားများအတွက် အကြောင်းအမျိုးမျိုးကြောင့် တွေ့ကြုံရမည့် ငွေကြေးအခက်အခဲကို လျှော့ချပေးမည့်အပြင် အခြားသော စုဆောင်းမှု အကျိုးခံစားခွင့်များကို ရရှိစေနိုင်ရန် ရည်ရွယ်ပါသည်။
အကျိုးကျေးဇူးများ
• ငွေရေးကြေးရေး စိတ်ချရမှုရှိခြင်း။
• စုဆောင်းတတ်သည့် အလေ့အကျင့်ကောင်းများရရှိခြင်း။
• ဝင်ငွေခွန် သက်သာမှုရှိခြင်း။
• ရှင်သန်မှု အကျိုးခံစားခွင့်။ (နှစ်စဉ် ငွေကြေးပမာဏတစ်ခု ပြန်လည်ရရှိခြင်း။)
အဓိကအချက်အလက်များ
• ပေါ်လစီသက်တမ်း – ၅ နှစ်
• ပရီမီယံသက်တမ်း – ပေါ်လစီအစပြုသည့်နေ့မှစ၍ (၂) နှစ်အတွင်း
• အာမခံထားငွေ – ၃,၀၀၀,၀၀၀ ကျပ် မှ အမေရိကန် ဒေါ်လာ ၁၅,၀၀၀ နှင့် ညီမျှသော
မြန်မာကျပ်ငွေပမာဏအထိ
ဥပမာ – အမေရိကန် ၁ ဒေါ်လာ = ၁,၄၅၀ ကျပ် (နိုင်ငံခြားငွေလဲလှယ်
နှုန်းမှာ နေ့စဉ်ပြောင်းလဲမှုရှိနိုင်ပါသည်။)
အမေရိကန် ဒေါ်လာ ၁၅,၀၀၀ x ၁,၄၅၀ ကျပ် = ၂,၁၇၅၀,၀၀၀ ကျပ်
• အာမခံထားနိုင်သူ၏ အသက်အရွယ် – အသက် ၅ နှစ် မှ ၆၅ နှစ် အထိ
(အသက် (၁၈)နှစ်အောက်ဖြစ်ပါက မိဘ (သို့) အုပ်ထိန်းသူမှ ထားပေး ရပါမည်။)
• ဆေးစစ်ရန်မလိုအပ်ပါ။
အကျိုးခံစားခွင့်များ
• ရှင်သန်မှု အကျိုးခံစားခွင့်
• နှစ်စေ့ အကျိုးခံစားခွင့်
• သေဆုံးမှု အကျိုးခံစားခွင့် နှင့် မတော်တဆသေဆုံးမှု အကျိုးခံစားခွင့်
အကျိုးခံစားခွင့်မရနိုင်သည့် အချက်များ
အာမခံထားသူသည်အောက်ဖော်ပြပါ အကြောင်းကိစ္စရပ်တစ်ခုခုကြောင့် သေဆုံးခြင်း (သို့) မတော်တဆသေဆုံးခြင်းတို့အတွက် သေဆုံးမှု အကျိုးခံစားခွင့် နှင့် မတော်တဆသေဆုံးမှု အကျိုးခံစားခွင့်တို့ကို မပေးချေပါ။ သို့သော် ပေးသွင်းထားသော စုစုပေါင်း ပရီမီယံကိုသာ ပြန်လည်ပေးအပ်မည်ဖြစ်ပါသည်။
(က) အာမခံစသည့်နေ့မှ (၁) နှစ်အတွင်း မိမိကိုယ်ကို သတ်သေခြင်း။
(ခ) ပေါ်လစီရှင်၏ တမင်ရည်ရွယ်လုပ်ဆောင်မှုဖြစ်ခြင်း။
(ဂ) အာမခံထားသူက ရာဇဝတ်မှုကျူးလွန်ခြင်း၊ ဥပဒေချိုးဖောက်ခြင်း။
(ဃ) မူးယစ်ဆေးဝါး (သို့) ဘေးအန္တရာယ်ဖြစ်စေသော သုံးစွဲခြင်း။
(င) စစ်ဖြစ်ပွားခြင်း(စစ်ကြေငြာသည်ဖြစ်စေ၊ မကြေငြာသည်ဖြစ်စေ)၊ စစ်အသွင်တိုက်ခိုက်ခြင်း၊ ပြည်တွင်းစစ်၊ ပုန်ကန်ခြင်း၊ အဓိကရုဏ်း၊ စစ်တပ် (သို့) လူထုအုံကြွခြင်း၊ သောင်းကျန်းခြင်း၊ သူပုန်ထခြင်း၊ တော်လှန်ခြင်း၊ စစ်တပ်အာဏာသိမ်းခြင်း၊ စစ်အမိန့်ထုတ််ပြန်ခြင်း (သို့) သိမ်းပိုက်ထားခြင်း၊ ပြည်တွင်းဆူပူသောင်းကျန်းခြင်း၊ ၎င်းတို့ကိုဖြစ်ပေါ်စေသော အကြောင်းအရင်းများ (သို့) ၎င်းတို့၏ အကျိုးဆက်များကြောင့် ဒဏ်ရာရခြင်း၊ မစွမ်းမသန်ဖြစ်ခြင်းနှင့် သေဆုံးခြင်း။

ပိုမိုသိရှိရန်။
အသေးစိတ်သိရှိစုံစမ်းလိုပါက လူကြီးမင်းအနေဖြင့် “ပိုမိုသိရှိရန်” ကို နှိပ်ပြီး အောက်ဖော်ပြပါ အချက်အလက်များကို ဖြည့်သွင်းပြီး စီဘီအသက်အာမခံသို့ ပေးပို့ပြီး ဆက်သွယ်နိုင်ပါသည်။ စီဘီအသက်အာမခံမှ အသက်အာမခံ ကျွမ်းကျင်ဝန်ထမ်းများက လူကြီးမင်းအား ပြန်လည်ဆက်သွယ်ပြီး အသက်အာမခံဝန်ဆောင်မှုများကို ပြုလုပ်နေပါသည်။