တစ်လုံးတည်းပေး ငွေပင်ငွေရင်း အသက်အာမခံ
တစ်လုံးတည်းပေး ငွေပင်ငွေရင်း အသက်အာမခံ ထားရှိခြင်းဖြင့် မမျှော်လင့်သော ဖြစ်ရပ် များနှင့် ကြုံတွေ့ရသောအခါ ငွေကြေးအထောက်အပံ့ရရှိနိုင်မည့်အပြင် ကာလတစ်ခုတွင် ရည်မှန်းထားသည့် ငွေပမာဏကို စုဆောင်းနိုင်မည် ဖြစ်ပါသည်။
အကျိုးကျေးဇူးများ
• ငွေရေးကြေးရေး စိတ်ချရမှုရှိခြင်း။
• စုဆောင်းတတ်သည့် အလေ့အကျင့်ကောင်းများရရှိခြင်း။
• ဝင်ငွေခွန်သက်သာမှုရှိခြင်း။
အဓိကအချက်အလက်များ
• ပေါ်လစီသက်တမ်း – ၃ နှစ်၊ ၄ နှစ်၊ ၅နှစ် (မိမိစိတ်ကြိုက် ရွေးချယ်နိုင်ပါသည်။)
• အာမခံထားငွေ – ၅,၀၀၀,၀၀၀ ကျပ် မှ ၂၅,၀၀၀,၀၀၀ ကျပ် အထိ
• အာမခံထားနိုင်သော အသက်အရွယ် – ၁၈ နှစ် မှ ၆၀ နှစ်အထိ
အကျိုးခံစားခွင့်များ
• သေဆုံးမှု အကျိုးခံစားခွင့်
• နှစ်စေ့အကျိုးခံစားခွင့်
အကျိုးခံစားခွင့်မရနိုင်သည့် အချက်များ
• အာမခံသက်တမ်းစသည့်နေ့မှ တစ်နှစ်အတွင်း မိမိကိုယ်ကို သတ်သေခြင်း
• အာမခံဝယ်ယူစဉ်က ဖော်ပြရန်ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါကြောင့် တစ်နှစ်အတွင်း သေဆုံးခြင်း

ပိုမိုသိရှိရန်
အသေးစိတ်သိရှိစုံစမ်းလိုပါက လူကြီးမင်းအနေဖြင့် “ပိုမိုသိရှိရန်” ကို နှိပ်ပြီး အောက်ဖော်ပြပါ အချက်အလက်များကို ဖြည့်သွင်းပြီး စီဘီအသက်အာမခံသို့ ပေးပို့ပြီး ဆက်သွယ်နိုင်ပါသည်။ စီဘီအသက်အာမခံမှ အသက်အာမခံ ကျွမ်းကျင်ဝန်ထမ်းများက လူကြီးမင်းအား ပြန်လည်ဆက်သွယ်ပြီး အသက်အာမခံဝန်ဆောင်မှုများကို ပြုလုပ်နေပါသည်။