စာသင်သားအသက်အာမခံ
သင့်ရင်သွေး၏ပညာရေး ရည်မှန်းချက်များ ပြည့်မြောက်သည်အထိ ပညာသင်ကျောင်းနေစရိတ် အတွက် ပူပန်ကြောင့်ကြမှုမရှိဘဲ ဆုံးခန်းတိုင်သင်ယူနိုင်ရန် ရည်ရွယ်ပါသည်။
အကျိုးကျေးဇူးများ
• ပညာရေးရည်မှန်းချက်များအကောင်အထည်ဖော်နိုင်ရန် ငွေကြေးအထောက်အပံ့ရရှိနိုင်ခြင်း
• ပရီမီယံပေးသွင်းမှု ကင်းလွတ်ခွင့် ရရှိနိုင်ခြင်း*
• အခွန်အခမှ သက်သာခွင့် ရရှိစေနိုင်ခြင်း
အဓိကအချက်အလက်များ
• ပေါ်လစီသက်တမ်း – ၈ နှစ် မှ ၁၉ နှစ် အထိ
• ပရီမီယံသက်တမ်း – ၅ နှစ် မှ ၁၆ နှစ် အထိ
• အာမခံထားငွေ – ၁,၀၀၀,၀၀၀ ကျပ် မှ ၁၀၀,၀၀၀,၀၀၀ အထိ
• ပေါ်လစီရှင်၏ အသက် – ၁၈ နှစ် မှ ၅၅ နှစ်အထိ
အာမခံထားသူ၏ အသက် – ၁နှစ်၊ ၃၀ရက် မှ ၁၂ နှစ်အထိ
အကျိုးခံစားခွင့်များ
• သေဆုံးမှု အကျိုးခံစားခွင့်
• ထာ၀စဉ်လုံး၀မသန်စွမ်း အကျိုးခံစားခွင့်
• ပညာသင်ထောက်ပံ့ကြေးအကျိုးခံစားခွင့်
• ပရီမီယံကင်းလွတ်ခွင့်*
* ပရီမီယံကင်းလွတ်ခွင့် ဆိုသည်မှာ ပရီမီယံပေးသွင်းရမည့် ကာလအတွင်း ပေါ်လစီရှင် သေဆုံး (သို့) ထာ၀စဉ်လုံး၀မသန်စွမ်းဖြစ်ပါက ပေါ်လစီသက်တမ်းအတွက် ပရီမီယံပေးသွင်းရန် မလိုတော့သည့် အကျိုးခံစားခွင့်ကို ဆိုလိုပါသည်။
အကျိုးခံစားခွင့်မရနိုင်သည့် အချက်များ
• အာမခံထားသူရင်သွေးငယ် (သို့) အာမခံဝယ်ယူသူမိဘသည် အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း မိမိကိုယ်ကို သတ်သေခြင်း။
• အာမခံဝယ်ယူစဉ်က ဖော်ပြရန်ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါကြောင့် အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း သေဆုံးခြင်း (သို့) ထာ၀စဉ်လုံး၀ မသန်စွမ်းဖြစ်ခြင်း။
• တစ်နှစ်အတွင်း ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို အနာတရဖြစ်အောင်လုပ်ခြင်း။
• မူးယစ်ဆေးဝါး ဆေးဝါးသုံးစွဲခြင်း။
• ကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်း အစရှိသည့် အကြောင်းအရာများကြောင့် ထာ၀စဉ်လုံး၀ မသန်စွမ်း ဖြစ်ခြင်း။

ပိုမိုသိရှိရန်
အသေးစိတ်သိရှိစုံစမ်းလိုပါက လူကြီးမင်းအနေဖြင့် “ပိုမိုသိရှိရန်” ကို နှိပ်ပြီး အောက်ဖော်ပြပါ အချက်အလက်များကို ဖြည့်သွင်းပြီး စီဘီအသက်အာမခံသို့ ပေးပို့ပြီး ဆက်သွယ်နိုင်ပါသည်။ စီဘီအသက်အာမခံမှ အသက်အာမခံ ကျွမ်းကျင်ဝန်ထမ်းများက လူကြီးမင်းအား ပြန်လည်ဆက်သွယ်ပြီး အသက်အာမခံဝန်ဆောင်မှုများကို ပြုလုပ်နေပါသည်။