ဆပွားကာကွယ်အသက်အာမခံ
ဆပွားကာကွယ်အသက်အာမခံ (Smart ProTek 5/5 Life Insurance) က မြန်မာနိုင်ငံသားများ နှင့် ပြည်တွင်းနေ နိုင်ငံခြားသား အာမခံထားသူ မိသားစုဝင်၏ လက်ရှိ လူနေမှုအဆင့်အတန်းအခြေအနေကို ဆက်လက်ထိန်းသိမ်းထားနိုင်သော ငွေကြေးအကာအကွယ်ကို ဆောင်ကျဥ်ပေးနိုင်ရန် ရည်ရွယ်ပါသည်။
အကျိုးကျေးဇူးများ
- ချစ်ခင်ရသော မိသားစုများကို ငွေကြေးအကာအကွယ်ပေးနိုင်ခြင်း။
- ဝင်ငွေအစားထိုးရှိခြင်း။
- ဝင်ငွေခွန် သက်သာမှုရှိခြင်း။
- စိတ်ငြိမ်းချမ်းမှု ရှိခြင်း။
အဓိကအချက်အလက်များ
- ပေါ်လစီသက်တမ်း – ၅ နှစ်
- ပရီမီယံသက်တမ်း – ပေါ်လစီအစပြုသည့်နေ့မှစ၍ (၅) နှစ်အတွင်း
- အနည်းဆုံး ကနဦးအာမခံထားငွေ ကျပ် သိန်း ၅၀ မှ စ၍ ထားနိုင်ပါသည်။
- အာမခံထားနိုင်သူ၏ အသက်အရွယ် – အသက် ၅ နှစ် မှ ၆၅ နှစ် အထိ
အကျိုးခံစားခွင့်များ
သဘာဝအလျောက်ဖြစ်စေ မတော်တဆကြောင်ဖြစ်စေ မမျှော်လင့်ထားသော အကြောင်းအရာများနှင့်ကြုံတွေ့ရပါက အသက်အာမခံအကာအကွယ်နေဖြင့် ကနဦးအာမခံထားငွေ၏ ၁၀၀% ကို တစ်လုံးတည်း အကျိုးခံစားခွင့်ရရှိနိုင်ပါသည်။
အကျိုးခံစားခွင့်မရနိုင်သည့် အချက်များ
အာမခံထားသူသည် အောက်ဖော်ပြပါ အဖြစ်အပျက် တစ်ခုခုကြောင့်ဖြစ်ပေါ်လာသော သေဆုံးခြင်းအတွက် သေဆုံးမှုအကျိုးခံစားခွင့်ကို ပေးအပ်မည်မဟုတ်ပါ။
- ပေါ်လစီစတင်သည့် နေ့မတိုင်မှီတွင် အာမခံထားသူ၏ ကုသ၍ ပျောက်ကင်းမှု မရှိသော နာတာရှည်ရောဂါ၊ ရှိရင်းစွဲရောဂါ၊ ထိခိုက် ဒဏ်ရာ၊ မွေးရာပါ (သို့) ဖွံ့ဖြိုးမှု ဆိုင်ရာ (သို့) မျိုးရိုးဗီဇဆိုင်ရာရောဂါများကြောင့် သေဆုံးခြင်း။
- ရူးသွပ်နေသည်ဖြစ်စေ၊ မရူးသွပ်သည် ဖြစ်စေ အာမခံထားသူမှ မိမိကိုယ်တိုင် (သို့) သူတစ်ပါး ပြုလုပ်ခြင်းကို လက်ခံ၍ မိမိကိုယ်ကို သတ်သေခြင်း။
- ပေါ်လစီရှင် (သို့မဟုတ်) အကျိုးခံစားခွင့်ရှိသူ၏ တမင်ရည်ရွယ်လုပ်ဆောင်မှုကြောင့်ဖြစ်စေ၊ သူတစ်ပါး၏ လက်ချက်ကြောင့်ဖြစ်စေ၊ သူတစ်ပါး၏ ကြိုးပမ်းအားထုတ်မှုကြောင့် ဖြစ်စေ၊ ယင်းနှင့် စပ်လျဉ်း၍ဖြစ်စေ သေဆုံးခြင်း။
- မူးယစ်ဆေးဝါး(သို့မဟုတ်)ဘေးအန္တရာယ်ဖြစ်စေသော စိတ်ကြွရူးသွပ်ဆေး စသည့်အရာများကို သုံးစွဲခြင်း၊ အပ်ဖြင့် ထိုးသွင်းခြင်း၊ အလွန်အကျွံသုံးစွဲခြင်း၊ တရားမဝင်ဖြန့်ဖြူးရောင်းချသော ဆေးများကို သုံးစွဲခြင်း တို့ကြောင့် သေဆုံးခြင်း။
- အာမခံထားသူသည် အရက်သေစာသောက်စားမှု (သို့) မူးယစ်ဆေးဝါးသုံးစွဲမှုတို့ကြောင့် မိမိကိုယ်ကို မထိန်းချုပ်နိုင်သည့် အခြေနေမျိုးတွင် မတော်တဆမှုဖြစ်ပွားခြင်းကြောင့် သေဆုံးခြင်း။
- ခရီးသည်တင်ဆောင်ရန်အတွက် မှတ်ပုံတင်မထားသည့် လေယာဉ်များ၊ စီးပွားဖြစ်ပျံသန်းခြင်းမဟုတ်သော လေယာဉ်များပေါ်သို့ လိုက်ပါစီးနင်းခြင်း၊ ၎င်းလေယာဉ်များအား မောင်းနှင်ခြင်း၊ ၎င်းလေယာဉ်များပေါ်တွင် လေယာဉ်ဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်ခြင်း။
- ကားမောင်း၊ လှေစီး၊ မြင်းစီး အစရှိသည့် ပြိုင်ပွဲများ၊ အမဲလိုက်ခြင်း၊ နှင်းလျှောစီးခြင်း၊ စကိတ်စီးခြင်း၊ လက်ဝှေ့ထိုးခြင်း၊ လေယာဉ်၊ သင်္ဘောစသည့် ယာဉ်များပေါ် အတက်၊အဆင်းပြုလုပ်ခြင်း၊ လေထီးခုန်ခြင်း (အသက်ကယ်ရန်အတွက် လေထီးခုန်ခြင်းမှအပ)၊ မီးပုံးပျံစီးခြင်း၊ လေဟုန်စီးခြင်း၊ Bungee jumping၊ တောင်တက် ကိရိယာများဖြင့်တောင်တက်ခြင်း၊ အသက်ရှူကိရိယာများ၊ အောက်စီဂျင်ဘူး စသည်ဖြင့် ရေငုပ်ခြင်း တို့ကြောင့်သေဆုံးခြင်း။
- အာမခံထားသူမှ ရာဇဝတ်မှုကျူးလွန်ခြင်း၊ ဥပဒေချိုးဖောက်ခြင်း၊ အာမခံထားသူသည် ဖမ်းဆီးခံရခြင်း၊ ဖမ်းဆီးခံ ရခြင်း မှ ထွက်ပြေး လွတ်မြောက်နေခြင်း။
- စစ်ဖြစ်ပွားခြင်း (စစ်ကြေညာသည်ဖြစ်စေ၊ မကြေညာသည်ဖြစ်စေ) ၊ စစ်အသွင်တိုက်ခိုက်ခြင်း၊ ပြည်တွင်းစစ်၊ ပုန်ကန်ခြင်း၊ အဓိကရုဏ်း၊ စစ်တပ်(သို့) လူထုအုံကြွခြင်း၊ သောင်းကျန်းခြင်း၊ သူပုန်ထခြင်း၊ တော်လှန်ခြင်း၊ စစ်မက်ဖြစ်ပွားခြင်း၊ စစ်အမိန့်ထုတ်ပြန်ခြင်း၊ အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ပြည်တွင်းဆူပူ သောင်းကျန်းခြင်း၊ ၎င်းတို့ကို ဖြစ်ပေါ်စေသော အကြောင်းအရင်းများ (သို့မဟုတ်) ၎င်းတို့၏ အကျိုးဆက်ကြောင့် သေဆုံးခြင်း။
- အလှအပနှင့်ဆိုင်သော ပြုပြင်ခြင်း၊ ခွဲစိတ်ခြင်း၊ ထိန်းသိမ်းခြင်း မည်သည့်ကိစ္စမဆို ၎င်းနှင့် ပတ်သက်သည့် နောက်ဆက်တွဲ ဖြစ်ရပ်များကြောင့် သေဆုံးခြင်း။
- ဆေးကုသမှုလိုင်စင်ရှိသော ဆရာဝန်၏ ခွင့်ပြုချက် မပါဘဲ မိမိသဘောအလျောက် ဆေးဝါးများ သုံးစွဲခြင်း (သို့) ဆေးကုသမှုလိုင်စင်မရှိ/လိုင်စင်သက်တမ်းကုန်နေသော ဆရာဝန်မှ လွဲမှားစွာ ဆေးကုသခြင်း / တိုင်းရင်းဆေးကြောင့် သေဆုံးခြင်း။
- အကျုံးမဝင်သည့်ကိစ္စရပ်များ (Exclusions) ကြောင့် ဖြစ်ပေါ်လာသော သေဆုံးမှုအကျိူး ခံစားခွင့်ကို လိမ်လည် တောင်းခံခြင်း။
- လိင်မှတဆင့် ကူးစက်သောရောဂါများ၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါများကြောင့် သေဆုံးခြင်း။