အာမခံအမျိုးအစားများ

အာမခံအမျိုးအစားများ


အားကစားသမားကိုယ္အဂၤါထိခိုက္မႈ အာမခံ

အားကစားသမားများ ယှဉ်ပြိုင်နေစဉ်နှင့် လေ့ကျင့်နေစဉ်အတွင်း မတော်တဆထိခိုက်ဒဏ်ရာ ရရှိခြင်း၊ သေဆုံးခြင်းများဖြစ်ပေါ်လာပါက တစ်ဖက်တစ်လမ်းမှ ငွေကြေးအထောက်အပံ့ရရှိစေရန် အကာအကွယ်ပေး နိုင်ရန် ရည်ရွယ်ပါသည်။

အကျိုးကျေးဇူးများ

• ဆေးဝါးကုသမှုကြောင့် ကုန်ကျစရိတ်များကို အကာအကွယ်ပေးနိုင်ရန်။

အဓိကအချက်အလက်များ

• ပေါ်လစီသက်တမ်း – (၁)နှစ်
• အာမခံထားငွေ ၁,၀၀၀,၀၀၀ ကျပ် မှ ၅,၀၀၀,၀၀၀ ကျပ်အထိ
• အာမခံထားနိုင်သူ၏ အသက်အရွယ် – ၁၀ နှစ် မှ ၆၀ နှစ်အထိ
• ဆေးစစ်ရန်မလိုပါ။

အကျိုးခံစားခွင့်များ

• သေဆုံးမှုအကျိုးခံစားခွင့်
• ထာ၀စဉ်လုံး၀မသန်စွမ်းအကျိုးခံစားခွင့်
• ထိခိုက်ဒဏ်ရာရရှိမှုအကျိုးခံစားခွင့်
• ဆေးရုံတက်ကုသမှု အကျိုးခံစားခွင့်

အကျုံးမဝင်သည့်အချက်များ

• ရာဇဝတ်မှုကျူးလွန်ရာမှ ဖြစ်ပေါ်သည့်သေဆုံး၊ ဒဏ်ရာရရှိမှု
• မူးယစ်ဆေးဝါးသုံးစွဲခြင်းမှဖြစ်ပေါ်လာသည့် သေဆုံးမှု၊ ဒဏ်ရာရရှိမှု
• အရက်သေစာသောက်စားခြင်းကြောင့် တိုက်ရိုက်(သို့)သွယ်ဝိုက်၍ ဆက်နွယ်ဖြစ်ပေါ်လာသည့် သေဆုံး၊ ဒဏ်ရာရရှိမှု
• မိမိကိုယ်ကိုထိခိုက်ဒဏ်ရာရရှိအောင် တမင်ပြုလုပ်ဆောင်ရွက်မှုကြောင့် ဖြစ်ပေါ်လာသည့် သေဆုံး၊ ဒဏ်ရာရရှိမှု
• လက်ဝှေ့၊ ဂျူဒို၊ သိုင်း၊ ကရာတေး၊ ကွန်ဖူး၊ ပန်ဂျပ်ဆီလတ်၊ မွေထိုင်းစသည့် အားကစားနည်းများတွင် ယှဉ်ပြိုင်တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာတတ်သည့် သာမန်ဖူးယောင်ပွန်းပဲ့ဒဏ်ရာများ

ပိုမိုသိရှိရန်

အသေးစိတ်သိရှိစုံစမ်းလိုပါက လူကြီးမင်းအနေဖြင့် “ပိုမိုသိရှိရန်” ကို နှိပ်ပြီး အောက်ဖော်ပြပါ အချက်အလက်များကို ဖြည့်သွင်းပြီး စီဘီအသက်အာမခံသို့ ပေးပို့ပြီး ဆက်သွယ်နိုင်ပါသည်။ စီဘီအသက်အာမခံမှ အသက်အာမခံ ကျွမ်းကျင်ဝန်ထမ်းများက လူကြီးမင်းအား ပြန်လည်ဆက်သွယ်ပြီး အသက်အာမခံဝန်ဆောင်မှုများကို ပြုလုပ်နေပါသည်။