အသေးစားကိုယ်ခန္ဓာထိခိုက်မှု အသက်အာမခံ
မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်း၊ မစွမ်းမသန်ဖြစ်ခြင်း၊ ကိုယ်ခန္ဓာအစိတ်အပိုင်း ဆုံးရှုံးခြင်း နှင့် ပြင်းထန်သောထိခိုက်ဒဏ်ရာရမှု စသည်များဖြစ်ပွားသည့်အခါ ငွေကြေးအထောက်အပံ့ရရှိစေ ရန် ရည်ရွယ်ပါသည်။
အကျိုးကျေးဇူးများ
- မမျှော်လင့်သောဖြစ်ရပ်များကြောင့် ငွေကြေးဆုံးရှုံးမှုများကို အကာအကွယ်ပေးနိုင်ရန်။
အဓိကအချက်အလက်များ
• ပေါ်လစီသက်တမ်း – ၃၀ရက်၊ ၉၀ရက်(၃လ)၊ ၃၆၅ရက်(၁နှစ်)
• အာမခံထားငွေ ၂၀၀,၀၀၀ ကျပ် (သို့) ၅၀၀,၀၀၀ ကျပ် (သို့) ၁,၀၀၀,၀၀၀ ကျပ်
• အာမခံထားနိုင်သူ၏ အသက်အရွယ် ၁၈ နှစ် မှ ၆၀ နှစ်အထိ
အကျိုးကျေးဇူးများ
• မတော်တဆမှုကြောင့်သေဆုံးခြင်း
• မတော်တဆမှုကြောင့် ထာ၀စဉ်လုံး၀မသန်စွမ်းဖြစ်ခြင်း
• ကိုယ်ခန္ဓာအစိတ်အပိုင်းဆုံးရှုံးခြင်းနှင့် ပြင်းထန်သောထိခိုက်ဒဏ်ရာရရှိခြင်း
အကျုံးမဝင်သည့်အချက်များ
• မိမိကိုယ်ကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်အောင်လုပ်ခြင်း
• အာမခံလက်မှတ်သက်တမ်းအတွင်း မိမိကိုယ်ကိုအဆုံးစီရင်ခြင်း
• မူးယစ်ဆေးဝါးသုံးစွဲခြင်း
• ရာဇဝတ်မှုကျူးလွန်ခြင်း
• အာမခံထားသည့်နေ့မတိုင်ခင်က မူလရှိရင်းစွဲရောဂါရှိခြင်း
• တစ်စုံတစ်ဦးမှပြုလုပ်ခြင်းကြောင့်ဖြစ်စေ၊ ရောဂါကြောင့်ဖြစ်စေ၊ ဖျားနာခြင်းကြောင့်ဖြစ်စေ၊ သေဆုံးခြင်း၊ ထာ၀စဉ်လုံး၀မသန်မစွမ်းဖြစ်ခြင်း၊ ကိုယ်ခန္ဓာအစိတ်အပိုင်းဆုံးရှုံးခြင်းနှင့် ပြင်းထန်သောထိခိုက်ဒဏ်ရာရရှိခြင်း
• အရက်သေစာသောက်စားပြီး ကားမောင်းခြင်း၊ ဆိုင်ကယ်မောင်းခြင်း၊
• စစ်ဖြစ်ပွားခြင်း

ပိုမိုသိရှိရန်
အသေးစိတ်သိရှိစုံစမ်းလိုပါက လူကြီးမင်းအနေဖြင့် “ပိုမိုသိရှိရန်” ကို နှိပ်ပြီး အောက်ဖော်ပြပါ အချက်အလက်များကို ဖြည့်သွင်းပြီး စီဘီအသက်အာမခံသို့ ပေးပို့ပြီး ဆက်သွယ်နိုင်ပါသည်။ စီဘီအသက်အာမခံမှ အသက်အာမခံ ကျွမ်းကျင်ဝန်ထမ်းများက လူကြီးမင်းအား ပြန်လည်ဆက်သွယ်ပြီး အသက်အာမခံဝန်ဆောင်မှုများကို ပြုလုပ်နေပါသည်။