တောင်သူလယ်သမား အသက်အာမခံ
အာမခံသက်တမ်းအတွင်း ဖြစ်ပေါ်လာသော သေဆုံးခြင်း၊ ထာ၀စဉ်မသန်စွမ်းဖြစ်ခြင်း၊ မတော်တဆ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် မတော်တဆထိခိုက်ဒဏ်ရာကြောင့် ဆေးရုံ၊ဆေးခန်းများတွင် တက်ရောက် ကုသရခြင်း တို့အတွက် အကျိုးခံစားခွင့် ရရှိစေနိုင်ရန်ရည်ရွယ်ပါသည်။
အကျိုးကျေးဇူးများ
• ပရီမီယံကြေး သက်သာခြင်း။
• ဆေးကုသမှုကုန်ကျစရိတ်များအတွက် ငွေကြေးအထောက်အပံ့ရရှိခြင်း
အဓိကအချက်အလက်များ
• ပေါ်လစီသက်တမ်း – ၁ နှစ်
• ပရီမီယံသက်တမ်း – ၁ နှစ်
• အာမခံထားငွေ – ၁၀၀,၀၀၀ ကျပ် မှ ၅,၀၀၀,၀၀၀ ကျပ် အထိ
• အာမခံထားနိုင်သူ၏ အသက်အရွယ် – ၁၆ နှစ် မှ ၆၀ နှစ်အထိ
အကျိုးခံစားခွင့်များ
- သေဆုံးမှု အကျိုးခံစားခွင့်
- ထာ၀စဉ်မသန်စွမ်း အကျိုးခံစားခွင့်
- ဆေးရုံတက် အကျိုးခံစားခွင့် (မတော်တဆ ထိခိုက်ဒဏ်ရာရမှု)
-
ဒဏ်ရာ
အာမခံထားငွေ၏ %
သေဆုံးခြင်း ၁၀၀ %
ထာ၀စဉ်မသန်စွမ်းဖြစ်ခြင်း ၁၀၀ %
လက် (သို့) ခြေနှစ်ဖက် ပြတ်ခြင်း ၁၀၀ %
မျက်စိနှစ်ဖက်ကွယ်ခြင်း ၁၀၀ %
လက် (သို့) ခြေတစ်ဖက်ပြတ်ခြင်း ၅၀ %
လက် (သို့) ခြေနှစ်ဖက်ကျိုးခြင်း ၅၀ %
မျက်စိတစ်ဖက်ကွယ်ခြင်း ၅၀ %
(ဖော်ပြမထားသည့် ထိခိုက်ဒဏ်ရာရမှုအတွက် ဆရာဝန်၏ထောက်ခံချက်အရ သတ်မှတ်ထားသော နှုန်းထား များအတိုင်း သင့်လျော်သော အကျိုးခံစားခွင့် ထုတ်ပေးပါမည်။)

ပိုမိုသိရှိရန်
အသေးစိတ်သိရှိစုံစမ်းလိုပါက လူကြီးမင်းအနေဖြင့် “ပိုမိုသိရှိရန်” ကို နှိပ်ပြီး အောက်ဖော်ပြပါ အချက်အလက်များကို ဖြည့်သွင်းပြီး စီဘီအသက်အာမခံသို့ ပေးပို့ပြီး ဆက်သွယ်နိုင်ပါသည်။ စီဘီအသက်အာမခံမှ အသက်အာမခံ ကျွမ်းကျင်ဝန်ထမ်းများက လူကြီးမင်းအား ပြန်လည်ဆက်သွယ်ပြီး အသက်အာမခံဝန်ဆောင်မှုများကို ပြုလုပ်နေပါသည်။