အာမခံအမျိုးအစားများ

အာမခံအမျိုးအစားများ


စုပေါင်းအသက်အာမခံ

ဝန်ထမ်းများ မတော်တဆထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်း တို့အတွက် အတိုင်းအတာ တစ်ခုအထိ အကာအကွယ်ရရှိနိုင်ပါသည်။

အကျိုးကျေးဇူးများ

  • မတော်တဆထိခိုက်မှုကြောင့် ဆေးရုံတက်ကုသစရိတ်ကို ပြန်လည်တောင်းခံနိုင်ခြင်း။
  • ပေါ်လစီကာလအတွင်း ဝန်ထမ်းတစ်ဦးချင်းစီအတွက် ၂၄ နာရီ၊ ၇ရက် အကာအကွယ် ရရှိနိုင်ခြင်း။
  • ပေါ်လစီကာလအတွင်း အလုပ်မှ နှုတ်ထွက်သွားသော ဝန်ထမ်းများနေရာ၌ ဝန်ထမ်းအသစ်များကို အစားထိုးခွင့်ရှိ ခြင်း။ (ဝန်ထမ်းတစ်နေရာစာအတွက် လေးကြိမ်အထိ အစားထိုးခွင့်ရှိပါသည်။)

အဓိကအချက်အလက်များ

  • ပေါ်လစီသက်တမ်း နှစ်
  • အာမခံထားငွေ ,၀၀၀,၀၀၀ ကျပ် မှ ,၀၀၀,၀၀၀ ကျပ် အထိ
  • အာမခံထားနိုင်သော အသက်အရွယ် ၁၈ နှစ် မှ ၆၀ နှစ်အထိ
  • စုပေါင်းအသက် အာမခံထားလိုပါက ဝန်ထမ်းအနည်းဆုံးငါးဦး ရှိရပါမည်။

အကျိုးခံစားခွင့်များ

  • မတော်တဆမှုကြောင့် သေဆုံးမှုအကျိုးခံစားခွင့်။
  • မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု အကျိုးခံစားခွင့်။

အကျိုးခံစားခွင့်မရနိုင်သည့် အချက်များ

  • မိမိကိုယ်ကို သတ်သေခြင်း။

  • မူးယစ်ဆေးဝါးသုံးစွဲခြင်း။

  • အလုပ်သမားကိုယ်တိုင်ပြစ်မှုကျူးလွန်ရာမှ ဒဏ်ရာရရှိခြင်း။

  • အလုပ်သမားကိုယ်တိုင်ဒဏ်ရာရရှိအောင်ဆောင်ရွက်ခြင်းများအတွက် နစ်နာကြေးတောင်းခံပိုင်ခွင့်မရှိပါ။

  • အာမခံထားသည့် အလုပ်သမား အလုပ်ခွင်မှ အပြီးထွက်သွားခြင်း၊ ထုတ်ပယ်ခြင်းခံရလျှင် ယင်းနေ့ရက် နောက်ပိုင်းဖြစ်ပေါ်လာသော သေဆုံးခြင်းနှင့် ဒဏ်ရာရရှိခြင်းများအတွက် နစ်နာကြေး တောင်းခံပိုင်ခွင့် မရှိပါ။

ပိုမိုသိရှိရန်

အသေးစိတ်သိရှိစုံစမ်းလိုပါက လူကြီးမင်းအနေဖြင့် “ပိုမိုသိရှိရန်” ကို နှိပ်ပြီး အောက်ဖော်ပြပါ အချက်အလက်များကို ဖြည့်သွင်းပြီး စီဘီအသက်အာမခံသို့ ပေးပို့ပြီး ဆက်သွယ်နိုင်ပါသည်။ စီဘီအသက်အာမခံမှ အသက်အာမခံ ကျွမ်းကျင်ဝန်ထမ်းများက လူကြီးမင်းအား ပြန်လည်ဆက်သွယ်ပြီး အသက်အာမခံဝန်ဆောင်မှုများကို ပြုလုပ်နေပါသည်။