စုပေါင်းကျန်းမာရေး နှင့် မတော်တဆ ထိခိုက်မှုအာမခံ
မထင်မှတ်ထားသောဖြစ်ရပ်များကြုံတွေ့လာရသည့်အခါ အလုပ်ရှင်များ မိမိတို့ ၀န်ထမ်းများနှင့် ၎င်းတို့ မိသားစု၀င်များအတွက်ငွေရေးကြေးရေး အကာအကွယ်ပေးနိုင်စေရန် ရည်ရွယ်ပါသည်။
အကျိုးကျေးဇူးများ
- အတွင်းလူနာအဖြစ်တက်ရောက်ကုစရိတ်နှင့် ထပ်ဆောင်းရွေးချယ်နိုင်သော ပြင်ပလူနာအဖြစ် ဆေးရုံ၊ ဆေးခန်းပြသခြင်းအကာအကွယ်။
- မြန်မာတစ်နိုင်ငံလုံးရှိ နယ်ပယ်အသီးသီးတွင်တာ၀န်ထမ်းဆောင်နေကြသော ၀န်ထမ်းများနှင့် မိသားစု၀င်များအား ၂၄ နာရီ လုံး ကျန်းမာရေးနှင့် မတော်တဆထိခိုက်ခြင်းမှ အကာအကွယ်ပေးနိုင်မှု။
အဓိကအချက်အလက်များ
ပေါ်လစီသက်တမ်း
- ၁ နှစ်။
အာမခံအစီအစဉ်အမျိုးအစား
- Basic, Silver, Gold, Platinum and Diamond
အာမခံထားနိုင်သော အသက်အရွယ်
- ၁၈ နှစ် မှ ၆၀ နှစ်အထိ
ကျန်းမာရေးစစ်ဆေးခြင်း
- ဆေးစစ်ရန်မလိုပါ။
စုပေါင်းအသက် အာမခံထားလိုပါက ဝန်ထမ်းအနည်းဆုံးငါးဦး ရှိရပါမည်။
အကျိုးခံစားခွင့်များ
- သေဆုံးမှုအကျိုးခံစားခွင့်။
- မတော်တဆထိခိုက်မှုအကျိုးခံစားခွင့် (အပိုဆောင်းမတော်တဆသေဆုံးမှုအကျိုးခံစားခွင့်)
- ရောဂါကြောင့်ထာ၀စဥ်လုံး၀မသန်စွမ်းဖြစ်ခြင်း။
- နေ့စဉ်အခန်းခကုန်ကျစရိတ်(ဆေးရုံတစ်ကြိမ်တက်လျှင် ၃၁ ရက်အထိ)
- အတွင်းလူနာအဖြစ်ဆေးရုံတက်ကုသခြင်း။
- ခွဲစိတ်ကုသစရိတ်၊ အရေးပေါ်လူနာတင်ယာဉ်စရိတ်၊ ဆေးရုံအတွင်းဆရာ၀◌န်ကြည့်ရှုခ။
- မတော်တဆမှုကြောင့်အရေးပေါ်လူနာအဖြစ်ကုသမှုခံရခြင်းစရိတ်။
- ပြင်ပလူနာအဖြစ် ဆေးရုံ၊ ဆေးခန်းပြသခြင်းစရိတ်။
အကျိုးခံစားခွင့်မရနိုင်သည့် အချက်များ
- မိမိကိုယ်ကို သတ်သေခြင်း၊ မိမိကိုယ်ကို ထိခိုက်ဒဏ်ရာရအောင်ပြုလုပ်ခြင်း၊ အသတ်ခံရခြင်း၊ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခံရခြင်း။
- ရာဇဝတ်ပြစ်မှုကြီး ကျူးလွန်ခြင်း။
- စစ်ပွဲ၊ အဓိကရုဏ်း၊ ဒုစရိုက်မှုတို့ကို ဦးတည်စေသော မည်သည့်ဖြစ်ရပ်မဆို။
- အန္တရာယ်ရှိသောအားကစားပြိုင်ပွဲများတွင်ပါ၀◌င်ခြင်း။
- မှတ်ပုံတင်ထားခြင်းမရှိသော လေယာဥ်ပေါ်တွင်စီးနင်းခြင်း၊ အလုပ်လုပ်ကိုင်ခြင်း။
- အရက်သေစာသောက်စားခြင်းနှင့် ဆေးသုံးစွဲမှုကြောင့်ဖြစ်ပေါ်လာသော မတော်တဆမှုများ။
- ကိုယ်၀န်နှင့်ပတ်သတ်သော အခြေအနေများ။
- သွားနှင့်ပတ်သတ်သော ကုသမှုများ ( မတော်တဆ ထိခိုက်မှုမှလွဲ၍ )
- အာရုံကြောရောဂါကုသခြင်း၊ စိတ်နှင့်ပတ်သတ်သောရောဂါများကုသခြင်း။
- အမြင်အာရုံကုသခြင်း။
- မိသားစုဆရာ၀န်မှရောဂါကုသခြင်း။
- ကာကွယ်ဆေးထိုးခြင်း၊ အထွေထွေကျန်းမာရေးစစ်ဆေးခြင်း။
- မေးခိုင်ပိုးနှင့် ခွေးရူးပြန်ရောဂါမှအပ ဒဏ်ရာမှတဆင့် အခြားရောဂါပိုး၀◌င်ခြင်း။
- ပေါ်လစီတွင် မပါ၀င်သော ဆေးကုသမှု၊ ခွဲစိတ်ကုသမှု။
- အနုမြူရောင်ခြည်သင့်ခြင်း။
- ရောဂါကြောင့်ခါးရောဂါရခြင်း။
- အလှအပရေးရာကုသခြင်း။
- နာတာရှည်ရောဂါ၊ မွေးရာပါရောဂါ။

ပိုမိုသိရှိရန်
အသေးစိတ်သိရှိစုံစမ်းလိုပါက လူကြီးမင်းအနေဖြင့် “ပိုမိုသိရှိရန်” ကို နှိပ်ပြီး အောက်ဖော်ပြပါ အချက်အလက်များကို ဖြည့်သွင်းပြီး စီဘီအသက်အာမခံသို့ ပေးပို့ပြီး ဆက်သွယ်နိုင်ပါသည်။ စီဘီအသက်အာမခံမှ အသက်အာမခံ ကျွမ်းကျင်ဝန်ထမ်းများက လူကြီးမင်းအား ပြန်လည်ဆက်သွယ်ပြီး အသက်အာမခံဝန်ဆောင်မှုများကို ပြုလုပ်နေပါသည်။