အာမခံအမျိုးအစားများ

အာမခံအမျိုးအစားများ


စုပေါင်းကျန်းမာရေး နှင့် မတော်တဆ ထိခိုက်မှုအာမခံ

မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ ကိုယ္အဂၤါထိခိုက္ ဒဏ်ရာရခြင်း များအတွက် ငွေကြေးဆိုင်ရာ ကုန်ကျစရိတ်များကို လျော့ပါးစေရန် ရည်ရွယ်ပါသည်။

အကျိုးကျေးဇူးများ

  • မတော်တဆဖြစ်ရပ်များနှင့် ကြုံတွေ့ရသည့်အခါ ငွေကြေးအထောက်အပံ့ရရှိနိုင်ပါတယ်။

အဓိကအချက်အလက်များ

  • ပေါ်လစီသက်တမ်း ၃လ၊ ၆လ၊ နှစ် (မိမိစိတ်ကြိုက်ရွေးချယ်နိုင်ပါသည်။)
  • အာမခံထားငွေ ၅၀၀,၀၀၀ ကျပ် မှ ၂၀,၀၀၀,၀၀၀ ကျပ်အထိ
  • အာမခံထားနိုင်သောအသက်အရွယ်၁၆ မှ ၆၅ နှစ်အထိ

အကျိုးခံစားခွင့်များ

  • မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်း/ထိခိုက်ဒဏ်ရာရခြင်းအကျိုးခံစားခွင့်
  • ထိခိုက်ဒဏ်ရာကြောင့် အလုပ်မလုပ်ကိုင်နိုင်ခြင်း/ ရက်သတ္တတစ်ပါတ် ဆေးရုံတက်ရခြင်းအကျိုးခံစားခွင့်

အကျိုးခံစားခွင့်မရနိုင်သည့် အချက်များ

  • ကြိုတင်ရည်ရွယ်ချက််ဖြင့် မိမိကိုယ်ကို အနာတရဖြစ်အောင် ပြုလုပ်ခြင်း၊ မစွမ်းမသန်ဖြစ်စေခြင်းနှင့် သေဆုံးခြင်း။

  • မူးယစ်ဆေးဝါးသုံးစွဲထားစဉ် (သို့) သုံးစွဲခြင်းကြောင့် ဒဏ်ရာအနာတရဖြစ်ခြင်း၊ မစွမ်းမသန်ဖြစ်ခြင်းနှင့် သေဆုံးခြင်း။

  • ရောဂါကြောင့် သေဆုံးခြင်း၊ မစွမ်းမသန်ဖြစ်ခြင်း။

  • စစ်ဖြစ်ပွားခြင်း(စစ်ကြေငြာသည်ဖြစ်စေ၊ မကြေငြာသည်ဖြစ်စေ) စစ်အသွင်တိုက်ခိုက်ခြင်း၊ ပြည်တွင်းစစ်၊ ပုန်ကန်ခြင်း၊ အဓိကရုဏ်း၊ စစ်တပ် (သို့) လူထုအုံကြွခြင်း၊ သောင်းကျန်းခြင်း၊ သူပုန်ထခြင်း၊ တော်လှန်ခြင်း၊ စစ်တပ်အာဏာသိမ်းခြင်း၊ စစ်အမိန့်ထုတ််ပြန်ခြင်း (သို့) သိမ်းပိုက်ထားခြင်း၊ ပြည်တွင်းဆူပူသောင်းကျန်း ခြင်း၊ ၎င်းတို့ကိုဖြစ်ပေါ်စေသော အကြောင်းအရင်းများ (သို့) ၎င်းတို့၏ အကျိုးဆက်များကြောင့် ဒဏ်ရာရ ခြင်း၊ မစွမ်းမသန်ဖြစ်ခြင်းနှင့် သေဆုံးခြင်း။

  • ရာဇဝတ်မှုကျူးလွန်ရာမှ ဒဏ်ရာအနာတရဖြစ်ခြင်း၊ မစွမ်းမသန်ဖြစ်ခြင်းနှင့် သေဆုံးခြင်း။

  • သူတစ်ပါး၏လက်ချက်ကြောင့်ဖြစ်စေ၊ သူတစ်ပါး၏ ကြိုးပမ်းအားထုတ်မှုကြောင့်ဖြစ်စေ၊ ယင်းနှင့်စပ်လျဉ်း ၍ဖြစ်စေ ဒဏ်ရာရခြင်း၊ မစွမ်းမသန်ဖြစ်ခြင်းနှင့် သေဆုံးခြင်း။

ပိုမိုသိရှိရန်

အသေးစိတ်သိရှိစုံစမ်းလိုပါက လူကြီးမင်းအနေဖြင့် “ပိုမိုသိရှိရန်” ကို နှိပ်ပြီး အောက်ဖော်ပြပါ အချက်အလက်များကို ဖြည့်သွင်းပြီး စီဘီအသက်အာမခံသို့ ပေးပို့ပြီး ဆက်သွယ်နိုင်ပါသည်။ စီဘီအသက်အာမခံမှ အသက်အာမခံ ကျွမ်းကျင်ဝန်ထမ်းများက လူကြီးမင်းအား ပြန်လည်ဆက်သွယ်ပြီး အသက်အာမခံဝန်ဆောင်မှုများကို ပြုလုပ်နေပါသည်။