အာမခံအမျိုးအစားများ

အာမခံအမျိုးအစားများ

စုပေါင်းကျန်းမာရေး နှင့် မတော်တဆ ထိခိုက်မှုအာမခံ

မထင်မှတ်ထားသောဖြစ်ရပ်များကြုံတွေ့လာရသည့်အခါ အလုပ်ရှင်များ မိမိတို့ ၀န်ထမ်းများနှင့် ၎င်းတို့ မိသားစု၀င်များအတွက်ငွေရေးကြေးရေး အကာအကွယ်ပေးနိုင်စေရန် ရည်ရွယ်ပါသည်။

အကျိုးကျေးဇူးများ

  • အတွင်းလူနာအဖြစ်တက်ရောက်ကုစရိတ်နှင့် ထပ်ဆောင်းရွေးချယ်နိုင်သော ပြင်ပလူနာအဖြစ် ဆေးရုံ၊ ဆေးခန်းပြသခြင်းအကာအကွယ်။
  • မြန်မာတစ်နိုင်ငံလုံးရှိ နယ်ပယ်အသီးသီးတွင်တာ၀န်ထမ်းဆောင်နေကြသော ၀န်ထမ်းများနှင့် မိသားစု၀င်များအား ၂၄ နာရီ လုံး ကျန်းမာရေးနှင့် မတော်တဆထိခိုက်ခြင်းမှ အကာအကွယ်ပေးနိုင်မှု။

အဓိကအချက်အလက်များ

ပေါ်လစီသက်တမ်း

  • ၁ နှစ်။

အာမခံအစီအစဉ်အမျိုးအစား

  • Basic, Silver, Gold, Platinum and Diamond

အာမခံထားနိုင်သော အသက်အရွယ် 

  • ၁၈ နှစ် မှ ၆၀ နှစ်အထိ

ကျန်းမာရေးစစ်ဆေးခြင်း

  • ဆေးစစ်ရန်မလိုပါ။

စုပေါင်းအသက် အာမခံထားလိုပါက ဝန်ထမ်းအနည်းဆုံးငါးဦး ရှိရပါမည်။

အကျိုးခံစားခွင့်များ

  • သေဆုံးမှုအကျိုးခံစားခွင့်။
  • မတော်တဆထိခိုက်မှုအကျိုးခံစားခွင့် (အပိုဆောင်းမတော်တဆသေဆုံးမှုအကျိုးခံစားခွင့်)
  • ရောဂါကြောင့်ထာ၀စဥ်လုံး၀မသန်စွမ်းဖြစ်ခြင်း။
  • နေ့စဉ်အခန်းခကုန်ကျစရိတ်(ဆေးရုံတစ်ကြိမ်တက်လျှင် ၃၁ ရက်အထိ)
  • အတွင်းလူနာအဖြစ်ဆေးရုံတက်ကုသခြင်း။
  • ခွဲစိတ်ကုသစရိတ်၊ အရေးပေါ်လူနာတင်ယာဉ်စရိတ်၊ ဆေးရုံအတွင်းဆရာ၀◌န်ကြည့်ရှုခ။
  • မတော်တဆမှုကြောင့်အရေးပေါ်လူနာအဖြစ်ကုသမှုခံရခြင်းစရိတ်။
  • ပြင်ပလူနာအဖြစ် ဆေးရုံ၊ ဆေးခန်းပြသခြင်းစရိတ်။

အကျိုးခံစားခွင့်မရနိုင်သည့် အချက်များ

  • မိမိကိုယ်ကို သတ်သေခြင်း၊ မိမိကိုယ်ကို ထိခိုက်ဒဏ်ရာရအောင်ပြုလုပ်ခြင်း၊ အသတ်ခံရခြင်း၊ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခံရခြင်း။
  • ရာဇဝတ်ပြစ်မှုကြီး ကျူးလွန်ခြင်း။
  • စစ်ပွဲ၊ အဓိကရုဏ်း၊ ဒုစရိုက်မှုတို့ကို ဦးတည်စေသော မည်သည့်ဖြစ်ရပ်မဆို။
  • အန္တရာယ်ရှိသောအားကစားပြိုင်ပွဲများတွင်ပါ၀◌င်ခြင်း။
  • မှတ်ပုံတင်ထားခြင်းမရှိသော လေယာဥ်ပေါ်တွင်စီးနင်းခြင်း၊ အလုပ်လုပ်ကိုင်ခြင်း။
  • အရက်သေစာသောက်စားခြင်းနှင့် ဆေးသုံးစွဲမှုကြောင့်ဖြစ်ပေါ်လာသော မတော်တဆမှုများ။
  • ကိုယ်၀န်နှင့်ပတ်သတ်သော အခြေအနေများ။
  • သွားနှင့်ပတ်သတ်သော ကုသမှုများ ( မတော်တဆ ထိခိုက်မှုမှလွဲ၍ )
  • အာရုံကြောရောဂါကုသခြင်း၊ စိတ်နှင့်ပတ်သတ်သောရောဂါများကုသခြင်း။
  • အမြင်အာရုံကုသခြင်း။
  • မိသားစုဆရာ၀န်မှရောဂါကုသခြင်း။
  • ကာကွယ်ဆေးထိုးခြင်း၊ အထွေထွေကျန်းမာရေးစစ်ဆေးခြင်း။
  • မေးခိုင်ပိုးနှင့် ခွေးရူးပြန်ရောဂါမှအပ ဒဏ်ရာမှတဆင့် အခြားရောဂါပိုး၀◌င်ခြင်း။
  • ပေါ်လစီတွင် မပါ၀င်သော ဆေးကုသမှု၊ ခွဲစိတ်ကုသမှု။
  • အနုမြူရောင်ခြည်သင့်ခြင်း။
  • ရောဂါကြောင့်ခါးရောဂါရခြင်း။
  • အလှအပရေးရာကုသခြင်း။
  • နာတာရှည်ရောဂါ၊ မွေးရာပါရောဂါ။

ပိုမိုသိရှိရန်

အသေးစိတ်သိရှိစုံစမ်းလိုပါက လူကြီးမင်းအနေဖြင့် “ပိုမိုသိရှိရန်” ကို နှိပ်ပြီး အောက်ဖော်ပြပါ အချက်အလက်များကို ဖြည့်သွင်းပြီး စီဘီအသက်အာမခံသို့ ပေးပို့ပြီး ဆက်သွယ်နိုင်ပါသည်။ စီဘီအသက်အာမခံမှ အသက်အာမခံ ကျွမ်းကျင်ဝန်ထမ်းများက လူကြီးမင်းအား ပြန်လည်ဆက်သွယ်ပြီး အသက်အာမခံဝန်ဆောင်မှုများကို ပြုလုပ်နေပါသည်။

မြွေအန္တရာယ်အာမခံ

မြွေအန္တရာယ်ကြောင့် တွေ့ကြုံရမည့် ငွေကြေးအခက်အခဲကို လျှော့ချပေးနိုင်ရန်ရည်ရွယ်ပါသည်။

အကျိုးကျေးဇူးများ

  • ပရီမီယံကြေး သက်သာခြင်း။
  • ဆေးကုသမှုကုန်ကျစရိတ်များအတွက် ငွေကြေးအထောက်အပံ့ရရှိခြင်း

အဓိကအချက်အလက်များ

  • ပေါ်လစီသက်တမ်း နှစ်
  • ပရီမီယံသက်တမ်း နှစ်
  • အာမခံထားငွေ ၅၀၀,၀၀၀ ကျပ် မှ ,၀၀၀,၀၀၀ ကျပ် အထိ

  • အာမခံထားနိုင်သူ၏ အသက်အရွယ်မည်သည့်အသက်အရွယ်မဆို ထားရှိနိုင်ပါသည်။

အကျိုးခံစားခွင့်များ

  • မြွေကိုက်ခံရခြင်းကြောင့် သေဆုံးခြင်း

  • မြွေကိုက်ခံရခြင်းကြောင့် ထိခိုက်ဒဏ်ရာရခြင်း

  • မြွေကိုက်ခံရခြင်းကြောင့် ဆေးရုံတက်ကုသခြင်း

ပိုမိုသိရှိရန်

အသေးစိတ်သိရှိစုံစမ်းလိုပါက လူကြီးမင်းအနေဖြင့် “ပိုမိုသိရှိရန်” ကို နှိပ်ပြီး အောက်ဖော်ပြပါ အချက်အလက်များကို ဖြည့်သွင်းပြီး စီဘီအသက်အာမခံသို့ ပေးပို့ပြီး ဆက်သွယ်နိုင်ပါသည်။ စီဘီအသက်အာမခံမှ အသက်အာမခံ ကျွမ်းကျင်ဝန်ထမ်းများက လူကြီးမင်းအား ပြန်လည်ဆက်သွယ်ပြီး အသက်အာမခံဝန်ဆောင်မှုများကို ပြုလုပ်နေပါသည်။

ပြည်သူပြည်သား နှစ်ချင်းအသက်အာမခံ

သေဆုံးခြင်း၊ ထာ၀စဉ်လုံး၀မသန်စွမ်းဖြစ်ခြင်းနှင် ထိခိုက်ဒဏ်ရာရရှိခြင်းတို့အတွက် ငွေရေးကြေးရေး ဆိုင်ရာ အကာအကွယ်အထောက်အပံ့ရရှိစေရန်ရည်ရွယ်ပါသည်။

အဓိကအချက်အလက်များ

  • ပေါ်လစီသက်တမ်း နှစ်

  • အာမခံထားငွေ ၁၀၀,၀၀၀ ကျပ်မှ ၂၀,၀၀၀,၀၀၀ ကျပ် အထိ

  • အာမခံထားနိုင်သောအသက်အရွယ် ၁၈ နှစ် မှ ၇၅ နှစ် အထိ

အကျိုးကျေးဇူးများ

  • မိသားစု၊ အိမ်ထောင်စု၏ပင်မထောက်တိုင်ဖြစ်သည့် အိမ်ထောင်ဦးစီး သေဆုံးသွားသည့် အခြေအနေ အတွက် ကျန်ရစ်သူမိသားစု၏ လူနေမှုကုန်ကျစရိတ်

  • ကလေးများ ငယ်ရွယ်ပါက မိမိတစ်ဦးတည်း ရပ်တည်နိုင်သည့်အချိန်အထိ လူနေမှုကုန်ကျစရိတ်အပြင် ပညာရေးစရိတ်

  • ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် ထာ၀စဉ်လုံး၀မသန်စွမ်း ဖြစ်ခြင်း အခြေအနေအတွက် ဆေးကုသမှုစရိတ်နှင့် သူနာပြုစရိတ်

အကျိုးခံစားခွင့်များ

  • သေဆုံးမှု အကျိုးခံစားခွင့်

  • ထာ၀စဉ်လုံး၀မသန်စွမ်း အကျိုးခံစားခွင့်

  • ထိခိုက်ဒဏ်ရာရရှိမှု အကျိုးခံစားခွင့်

အကျိုးခံစားခွင့်မရနိုင်သည့် အချက်များ

  • သေဆုံးမှု အကျိုးခံစားခွင့်

  • အာမခံထားသူသည် တစ်နှစ်အတွင်း မိမိကိုယ်ကို သတ်သေခြင်း

  • ပေါ်လစီရှင်၏ တမင်ရည်ရွယ်လုပ်ဆောင်မှု ဖြစ်ခြင်း

  • အာမခံထားသူက ရာဇ၀တ်မှု ကျူးလွန်ခြင်း၊ ဥပ‌‌‌ဒေချိုးဖောက်ခြင်း

  • သေဆုံးမှုအကျိုးခံစားခွင့် လွှဲပြောင်းခြင်းခံရသူ၏ တမင်ရည်ရွယ်လုပ်ဆောင်မှုဖြစ်ခြင်း။

  • မူးယစ်ဆေး၀ါး (သို့) ဘေးအန္ဆရာယ် ဖြစ်စေသော ဆေးကို သုံးစွဲခြင်း

  • AIDS/HIV

  • စစ်ပွဲ၊ အကြမ်းဖက်ဖျက်စီးခြင်း၊ အဓိကရုဏ်း၊ ၎င်းတို့နှင့် အလားတူဖြစ်ရပ်များ

  • အာမခံဝယ်ယူစဉ်ကဖော်ပြရန်ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါကြောင့် အာမခံစသည့်နေ့မှ တစ်နှစ် အတွင်း သေဆုံးခြင်း။

  • ထာ၀စဉ်လုံး၀မသန်စွမ်း အကျိုးခံစားခွင့်

  • ပေါ်လစီရှင်၏ တမင်ရည်ရွယ်လုပ်ဆောင်မှု ဖြစ်ခြင်း

  • အာမခံထားသူ၏ တမင်ရည်ရွယ်လုပ်ဆောင်မှု ဖြစ်ခြင်း

  • အာမခံထားသူက ရာဇ၀တ်မှု ကျူးလွန်ခြင်း၊ ဥပ‌‌‌ဒေချိုးဖောက်ခြင်း

  • မိမိကိုယ်ကို သတ်သေရန် ကြိုးစားခဲ့သော်လည်း မသေဆုံးခြင်း

  • မူးယစ်ဆေး၀ါး (သို့) ဘေးအန္တရာယ် ဖြစ်စေသော ဆေးကို သုံးစွဲခြင်း

  • AIDS/HIV

  • စစ်ပွဲ၊ အကြမ်းဖက်ဖျက်စီးခြင်း၊ အဓိကရုဏ်း၊ ၎င်းတို့နှင့် အလားတူဖြစ်ရပ်များ

  • အာမခံဝယ်ယူစဉ်ကဖော်ပြရန်ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါများကြောင့် ထာ၀စဉ်လုံး၀မသန်စွမ်း ဖြစ်ခြင်း

  • ထိခိုက်ဒဏ်ရာရရှိမှု အကျိုးခံစားခွင့်

  • ပေါ်လစီရှင်၏ တမင်ရည်ရွယ်လုပ်ဆောင်မှု ဖြစ်ခြင်း (သို့) ကြီးမားသော ပေါ့ဆမှု ဖြစ်ခြင်း

  • အာမခံထားသူ၏ တမင်ရည်ရွယ်လုပ်ဆောင်မှု ဖြစ်ခြင်း (သို့) ကြီးမားသော ပေါ့ဆမှု ဖြစ်ခြင်း

  • အာမခံထားသူက ရာဇ၀တ်မှု ကျူးလွန်ခြင်း၊ ဥပ‌‌‌ဒေချိုးဖောက်ခြင်း

  • အာမခံထားသူ၏ စိတ်ရောဂါဝေဒနာကြောင့်ဖြစ်သည့် မတော်တဆမှု

  • ငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း

  • စစ်ပွဲ၊ အကြမ်းဖက်ဖျက်စီးခြင်း၊ အဓိကရုဏ်း၊ ၎င်းတို့နှင့် အလားတူဖြစ်ရပ်များ

  • မူးယစ်ဆေး၀ါး (သို့) ဘေးအန္တရာယ် ဖြစ်စေသော ဆေးကို သုံးစွဲခြင်း

ပိုမိုသိရှိရန်

အသေးစိတ်သိရှိစုံစမ်းလိုပါက လူကြီးမင်းအနေဖြင့် “ပိုမိုသိရှိရန်” ကို နှိပ်ပြီး အောက်ဖော်ပြပါ အချက်အလက်များကို ဖြည့်သွင်းပြီး စီဘီအသက်အာမခံသို့ ပေးပို့ပြီး ဆက်သွယ်နိုင်ပါသည်။ စီဘီအသက်အာမခံမှ အသက်အာမခံ ကျွမ်းကျင်ဝန်ထမ်းများက လူကြီးမင်းအား ပြန်လည်ဆက်သွယ်ပြီး အသက်အာမခံဝန်ဆောင်မှုများကို ပြုလုပ်နေပါသည်။

စုပေါင်းကျန်းမာရေး နှင့် မတော်တဆ ထိခိုက်မှုအာမခံ

မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ ကိုယ္အဂၤါထိခိုက္ ဒဏ်ရာရခြင်း များအတွက် ငွေကြေးဆိုင်ရာ ကုန်ကျစရိတ်များကို လျော့ပါးစေရန် ရည်ရွယ်ပါသည်။

အကျိုးကျေးဇူးများ

  • မတော်တဆဖြစ်ရပ်များနှင့် ကြုံတွေ့ရသည့်အခါ ငွေကြေးအထောက်အပံ့ရရှိနိုင်ပါတယ်။

အဓိကအချက်အလက်များ

  • ပေါ်လစီသက်တမ်း ၃လ၊ ၆လ၊ နှစ် (မိမိစိတ်ကြိုက်ရွေးချယ်နိုင်ပါသည်။)
  • အာမခံထားငွေ ၅၀၀,၀၀၀ ကျပ် မှ ၂၀,၀၀၀,၀၀၀ ကျပ်အထိ
  • အာမခံထားနိုင်သောအသက်အရွယ်၁၆ မှ ၆၅ နှစ်အထိ

အကျိုးခံစားခွင့်များ

  • မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်း/ထိခိုက်ဒဏ်ရာရခြင်းအကျိုးခံစားခွင့်
  • ထိခိုက်ဒဏ်ရာကြောင့် အလုပ်မလုပ်ကိုင်နိုင်ခြင်း/ ရက်သတ္တတစ်ပါတ် ဆေးရုံတက်ရခြင်းအကျိုးခံစားခွင့်

အကျိုးခံစားခွင့်မရနိုင်သည့် အချက်များ

  • ကြိုတင်ရည်ရွယ်ချက််ဖြင့် မိမိကိုယ်ကို အနာတရဖြစ်အောင် ပြုလုပ်ခြင်း၊ မစွမ်းမသန်ဖြစ်စေခြင်းနှင့် သေဆုံးခြင်း။

  • မူးယစ်ဆေးဝါးသုံးစွဲထားစဉ် (သို့) သုံးစွဲခြင်းကြောင့် ဒဏ်ရာအနာတရဖြစ်ခြင်း၊ မစွမ်းမသန်ဖြစ်ခြင်းနှင့် သေဆုံးခြင်း။

  • ရောဂါကြောင့် သေဆုံးခြင်း၊ မစွမ်းမသန်ဖြစ်ခြင်း။

  • စစ်ဖြစ်ပွားခြင်း(စစ်ကြေငြာသည်ဖြစ်စေ၊ မကြေငြာသည်ဖြစ်စေ) စစ်အသွင်တိုက်ခိုက်ခြင်း၊ ပြည်တွင်းစစ်၊ ပုန်ကန်ခြင်း၊ အဓိကရုဏ်း၊ စစ်တပ် (သို့) လူထုအုံကြွခြင်း၊ သောင်းကျန်းခြင်း၊ သူပုန်ထခြင်း၊ တော်လှန်ခြင်း၊ စစ်တပ်အာဏာသိမ်းခြင်း၊ စစ်အမိန့်ထုတ််ပြန်ခြင်း (သို့) သိမ်းပိုက်ထားခြင်း၊ ပြည်တွင်းဆူပူသောင်းကျန်း ခြင်း၊ ၎င်းတို့ကိုဖြစ်ပေါ်စေသော အကြောင်းအရင်းများ (သို့) ၎င်းတို့၏ အကျိုးဆက်များကြောင့် ဒဏ်ရာရ ခြင်း၊ မစွမ်းမသန်ဖြစ်ခြင်းနှင့် သေဆုံးခြင်း။

  • ရာဇဝတ်မှုကျူးလွန်ရာမှ ဒဏ်ရာအနာတရဖြစ်ခြင်း၊ မစွမ်းမသန်ဖြစ်ခြင်းနှင့် သေဆုံးခြင်း။

  • သူတစ်ပါး၏လက်ချက်ကြောင့်ဖြစ်စေ၊ သူတစ်ပါး၏ ကြိုးပမ်းအားထုတ်မှုကြောင့်ဖြစ်စေ၊ ယင်းနှင့်စပ်လျဉ်း ၍ဖြစ်စေ ဒဏ်ရာရခြင်း၊ မစွမ်းမသန်ဖြစ်ခြင်းနှင့် သေဆုံးခြင်း။

ပိုမိုသိရှိရန်

အသေးစိတ်သိရှိစုံစမ်းလိုပါက လူကြီးမင်းအနေဖြင့် “ပိုမိုသိရှိရန်” ကို နှိပ်ပြီး အောက်ဖော်ပြပါ အချက်အလက်များကို ဖြည့်သွင်းပြီး စီဘီအသက်အာမခံသို့ ပေးပို့ပြီး ဆက်သွယ်နိုင်ပါသည်။ စီဘီအသက်အာမခံမှ အသက်အာမခံ ကျွမ်းကျင်ဝန်ထမ်းများက လူကြီးမင်းအား ပြန်လည်ဆက်သွယ်ပြီး အသက်အာမခံဝန်ဆောင်မှုများကို ပြုလုပ်နေပါသည်။

အသေးစားကိုယ်ခန္ဓာထိခိုက်မှု အသက်အာမခံ

မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်း၊ မစွမ်းမသန်ဖြစ်ခြင်း၊ ကိုယ်ခန္ဓာအစိတ်အပိုင်း ဆုံးရှုံးခြင်း နှင့် ပြင်းထန်သောထိခိုက်ဒဏ်ရာရမှု စသည်များဖြစ်ပွားသည့်အခါ ငွေကြေးအထောက်အပံ့ရရှိစေ ရန် ရည်ရွယ်ပါသည်။

အကျိုးကျေးဇူးများ

  • မမျှော်လင့်သောဖြစ်ရပ်များကြောင့် ငွေကြေးဆုံးရှုံးမှုများကို အကာအကွယ်ပေးနိုင်ရန်။

အဓိကအချက်အလက်များ

• ပေါ်လစီသက်တမ်း – ၃၀ရက်၊ ၉၀ရက်(၃လ)၊ ၃၆၅ရက်(၁နှစ်)
• အာမခံထားငွေ ၂၀၀,၀၀၀ ကျပ် (သို့) ၅၀၀,၀၀၀ ကျပ် (သို့) ၁,၀၀၀,၀၀၀ ကျပ်
• အာမခံထားနိုင်သူ၏ အသက်အရွယ် ၁၈ နှစ် မှ ၆၀ နှစ်အထိ

အကျိုးကျေးဇူးများ

• မတော်တဆမှုကြောင့်သေဆုံးခြင်း
• မတော်တဆမှုကြောင့် ထာ၀စဉ်လုံး၀မသန်စွမ်းဖြစ်ခြင်း
• ကိုယ်ခန္ဓာအစိတ်အပိုင်းဆုံးရှုံးခြင်းနှင့် ပြင်းထန်သောထိခိုက်ဒဏ်ရာရရှိခြင်း

အကျုံးမဝင်သည့်အချက်များ

• မိမိကိုယ်ကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်အောင်လုပ်ခြင်း
• အာမခံလက်မှတ်သက်တမ်းအတွင်း မိမိကိုယ်ကိုအဆုံးစီရင်ခြင်း
• မူးယစ်ဆေးဝါးသုံးစွဲခြင်း
• ရာဇဝတ်မှုကျူးလွန်ခြင်း
• အာမခံထားသည့်နေ့မတိုင်ခင်က မူလရှိရင်းစွဲရောဂါရှိခြင်း
• တစ်စုံတစ်ဦးမှပြုလုပ်ခြင်းကြောင့်ဖြစ်စေ၊ ရောဂါကြောင့်ဖြစ်စေ၊ ဖျားနာခြင်းကြောင့်ဖြစ်စေ၊ သေဆုံးခြင်း၊ ထာ၀စဉ်လုံး၀မသန်မစွမ်းဖြစ်ခြင်း၊ ကိုယ်ခန္ဓာအစိတ်အပိုင်းဆုံးရှုံးခြင်းနှင့် ပြင်းထန်သောထိခိုက်ဒဏ်ရာရရှိခြင်း
• အရက်သေစာသောက်စားပြီး ကားမောင်းခြင်း၊ ဆိုင်ကယ်မောင်းခြင်း၊
• စစ်ဖြစ်ပွားခြင်း

ပိုမိုသိရှိရန်

အသေးစိတ်သိရှိစုံစမ်းလိုပါက လူကြီးမင်းအနေဖြင့် “ပိုမိုသိရှိရန်” ကို နှိပ်ပြီး အောက်ဖော်ပြပါ အချက်အလက်များကို ဖြည့်သွင်းပြီး စီဘီအသက်အာမခံသို့ ပေးပို့ပြီး ဆက်သွယ်နိုင်ပါသည်။ စီဘီအသက်အာမခံမှ အသက်အာမခံ ကျွမ်းကျင်ဝန်ထမ်းများက လူကြီးမင်းအား ပြန်လည်ဆက်သွယ်ပြီး အသက်အာမခံဝန်ဆောင်မှုများကို ပြုလုပ်နေပါသည်။

စုပေါင်းအသက်အာမခံ

ဝန်ထမ်းများ မတော်တဆထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်း တို့အတွက် အတိုင်းအတာ တစ်ခုအထိ အကာအကွယ်ရရှိနိုင်ပါသည်။

အကျိုးကျေးဇူးများ

  • မတော်တဆထိခိုက်မှုကြောင့် ဆေးရုံတက်ကုသစရိတ်ကို ပြန်လည်တောင်းခံနိုင်ခြင်း။
  • ပေါ်လစီကာလအတွင်း ဝန်ထမ်းတစ်ဦးချင်းစီအတွက် ၂၄ နာရီ၊ ၇ရက် အကာအကွယ် ရရှိနိုင်ခြင်း။
  • ပေါ်လစီကာလအတွင်း အလုပ်မှ နှုတ်ထွက်သွားသော ဝန်ထမ်းများနေရာ၌ ဝန်ထမ်းအသစ်များကို အစားထိုးခွင့်ရှိ ခြင်း။ (ဝန်ထမ်းတစ်နေရာစာအတွက် လေးကြိမ်အထိ အစားထိုးခွင့်ရှိပါသည်။)

အဓိကအချက်အလက်များ

  • ပေါ်လစီသက်တမ်း နှစ်
  • အာမခံထားငွေ ,၀၀၀,၀၀၀ ကျပ် မှ ,၀၀၀,၀၀၀ ကျပ် အထိ
  • အာမခံထားနိုင်သော အသက်အရွယ် ၁၈ နှစ် မှ ၆၀ နှစ်အထိ
  • စုပေါင်းအသက် အာမခံထားလိုပါက ဝန်ထမ်းအနည်းဆုံးငါးဦး ရှိရပါမည်။

အကျိုးခံစားခွင့်များ

  • မတော်တဆမှုကြောင့် သေဆုံးမှုအကျိုးခံစားခွင့်။
  • မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု အကျိုးခံစားခွင့်။

အကျိုးခံစားခွင့်မရနိုင်သည့် အချက်များ

  • မိမိကိုယ်ကို သတ်သေခြင်း။

  • မူးယစ်ဆေးဝါးသုံးစွဲခြင်း။

  • အလုပ်သမားကိုယ်တိုင်ပြစ်မှုကျူးလွန်ရာမှ ဒဏ်ရာရရှိခြင်း။

  • အလုပ်သမားကိုယ်တိုင်ဒဏ်ရာရရှိအောင်ဆောင်ရွက်ခြင်းများအတွက် နစ်နာကြေးတောင်းခံပိုင်ခွင့်မရှိပါ။

  • အာမခံထားသည့် အလုပ်သမား အလုပ်ခွင်မှ အပြီးထွက်သွားခြင်း၊ ထုတ်ပယ်ခြင်းခံရလျှင် ယင်းနေ့ရက် နောက်ပိုင်းဖြစ်ပေါ်လာသော သေဆုံးခြင်းနှင့် ဒဏ်ရာရရှိခြင်းများအတွက် နစ်နာကြေး တောင်းခံပိုင်ခွင့် မရှိပါ။