အာမခံအမျိုးအစားများ

အာမခံအမျိုးအစားများ


ဆေးရုံတက်ခြင်းနှင့် ခွဲစိတ်ကုသခြင်းအတွက် ထပ်ဆောင်းအကာအကွယ်

အာမခံထားသူများအတွက် ငွေစုခြင်းနှင့် အတူတကွ ပြီးပြည့်စုံသည့် ထပ်ဆောင်း ကျန်းမာရေးစောင့်ရှောက်မှု အကာအကွယ် နှင့် ကျန်းမာရေးပြသနာများကြုံတွေ့လာရသည့်အခါ ငွေရေးကြေးရေး အထောက်ပံ့များ ရရှိစေနိုင်ရန်ရည်ရွယ်ပါသည်။

အကျိုးကျေးဇူးများ

  • အကောင်းမွန်ဆုံး ဆေး၀ါးကုသမှုစရိတ်အကာအကွယ်နှင့် ထပ်ဆောင်းရွေးချယ်နိုင်သော ပြင်ပလူနာအဖြစ် ဆေးရုံ၊ ဆေးခန်းပြသခြင်းများ ပါ၀င်သော ထပ်ဆောင်းအကာအကွယ်။
  • တစ်ဦးတစ်ယောက်ချင်းစီအတွက် သင့်တင့်မျှတသော ပရီမီယမ်နှုန်းထားဖြင့် ရရှိနိုင်သောပြီးပြည့်စုံသည့် အကောင်းဆုံးဆေးကုသစရိတ် အကာအကွယ်။

အဓိကအချက်အလက်များ

အာမခံအမျိုးအစား

  • ထပ်ဆောင်းအကာအကွယ် (အခြေခံငွေစုအာမခံရှိရပါမည်။)

ပေါ်လစီသက်တမ်း

  • ၁ နှစ်(အခြေခံ အစီအစအတိုင်းနှစ်စဥ်သက်တမ်းတိုးနိုင်ပါသည်။)

အာမခံထားငွေ

  • ၂,၅၀၀,၀၀၀ ကျပ် မှ ၅၀,၀၀၀,၀၀၀ ကျပ် အထိ။

အာမခံအစီအစဉ်အမျိုးအစား

  • အစီအစဉ် (၁) မှ အစီအစဉ် (၈) အထိ

အာမခံထားနိုင်သော အသက်အရွယ်

  • အသက် (၃၀) ရက်၊ ၁ နှစ်မှ မှ ၆၉ နှစ်အထိ

ကျန်းမာရေးစစ်ဆေးခြင်း

  • ဆေးစစ်ရန်လိုအပ်ပါသည်။

အကျိုးခံစားခွင့်များ

  • နေ့စဉ်အခန်းခကုန်ကျစရိတ် (ဆေးရုံတကြိမ် တက်တိုင်းရက် ၉၀ အထိ)
  • အခြားဆေးဝါးကုသမှု ကုန်ကျစရိတ် (အတွင်းလူနာအဖြစ်ဆေးရုံတက်ရောက်ခြင်း)
  • ဓာတ်ခွဲစစ်ဆေးစမ်းသပ်ခြင်း ဖြင့် ရောဂါ ရှာဖွေ ခြင်း
  • ဆေးရုံမတက်မီနှင့် ဆေးရုံတက်ပြီး ရောဂါရှာဖွေခြင်း
  • ခွဲစိတ်ခန်းခ ကုန်ကျစရိတ်
  • ခွဲစိတ်ကုသမှု ကုန်ကျစရိတ်
  • မေ့ဆေးဆရာဝန်အတွက် ကုန်ကျစရိတ်
  • ဆေးရုံတွင်းဆရာဝန် နေ့စဉ်ကြည့်ရှုခ
  • မတော်တဆမှုကြောင့် အရေးပေါ် ပြင်ပလူနာ အဖြစ် ကုသမှုခံရခြင်း
  • ပြင်ပလူနာ ဆေးရုံ၊ ဆေးခန်း တစ်ကြိမ် ပြသ တိုင်း ဆေးကုသမှုစရိတ်

အကျိုးခံစားခွင့်မရနိုင်သည့်အချက်များ

  • ပေါ်လစီမစတင်မီ နဂိုရှိရင်းစွဲရောဂါများ ကုသခြင်း။
  • နာတာရှည်နှင့်မွေးရာပါရောဂါများကုသခြင်း။
  • စစ်ပွဲ၊ အဓိကရုဏ်း၊ ဒုစရိုက်မှုတို့ကို ဦးတည်စေသော မည်သည့်ဖြစ်ရပ်မဆို။
  • အမြင်အာရုံကုသခြင်း။
  • အရက်၊ မူးယစ်ဆေး၀ါးကြောင့်ပြန်လည်ထူထောင်ရေး လုပ်ဆောင်ရခြင်း။
  • စိတ်နှင့်ပတ်သတ်သောရောဂါကုသခြင်း။
  • သွားနှင့်ပတ်သတ်သည့် ကုသမှုများ (မတော်တဆမှုမှလွဲ၍)
  • အလှအပရေးရာကုသခြင်း။
  • ကိုယ်၀န်နှင့်ပတ်သတ်သည့်မည်သည့်အကြောင်းအရာမဆို။
  • ခုခံအားကျဆင်းမှုကူးစက်ရောဂါနှင့် လိင်မှတဆင့်ကူးစက်သော ရောဂါများ။
  • မိသားစုဆရာ၀န်မှရောဂါကုသခြင်း။
  • မိမိကိုယ်ကို သတ်သေခြင်း၊ မိမိကိုယ်ကို ထိခိုက်ဒဏ်ရာရအောင်ပြုလုပ်ခြင်း၊ အသတ်ခံရခြင်း၊ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခံရခြင်း။
  • မှတ်ပုံတင်ထားခြင်းမရှိသော လေယာဥ်ပေါ်တွင်စီးနင်းခြင်း၊ အလုပ်လုပ်ကိုင်ခြင်း။
  • ကာကွယ်ဆေးထိုးခြင်း၊ အထွေထွေကျန်းမာရေးစစ်ဆေးခြင်း။

ပိုမိုသိရှိရန်

အသေးစိတ်သိရှိစုံစမ်းလိုပါက လူကြီးမင်းအနေဖြင့် “ပိုမိုသိရှိရန်” ကို နှိပ်ပြီး အောက်ဖော်ပြပါ အချက်အလက်များကို ဖြည့်သွင်းပြီး စီဘီအသက်အာမခံသို့ ပေးပို့ပြီး ဆက်သွယ်နိုင်ပါသည်။ စီဘီအသက်အာမခံမှ အသက်အာမခံ ကျွမ်းကျင်ဝန်ထမ်းများက လူကြီးမင်းအား ပြန်လည်ဆက်သွယ်ပြီး အသက်အာမခံဝန်ဆောင်မှုများကို ပြုလုပ်နေပါသည်။