အာမခံအမျိုးအစားများ

အာမခံအမျိုးအစားများ


ဆေးရုံတက်ခြင်းနှင့် ခွဲစိတ်ကုသခြင်းအတွက် ထပ်ဆောင်းအကာအကွယ်

အာမခံထားသူများအတွက် ငွေစုခြင်းနှင့် အတူတကွ ပြီးပြည့်စုံသည့် ထပ်ဆောင်း ကျန်းမာရေးစောင့်ရှောက်မှု အကာအကွယ် နှင့် ကျန်းမာရေးပြသနာများကြုံတွေ့လာရသည့်အခါ ငွေရေးကြေးရေး အထောက်ပံ့များ ရရှိစေနိုင်ရန်ရည်ရွယ်ပါသည်။

အကျိုးကျေးဇူးများ

  • အကောင်းမွန်ဆုံး ဆေး၀ါးကုသမှုစရိတ်အကာအကွယ်နှင့် ထပ်ဆောင်းရွေးချယ်နိုင်သော ပြင်ပလူနာအဖြစ် ဆေးရုံ၊ ဆေးခန်းပြသခြင်းများ ပါ၀င်သော ထပ်ဆောင်းအကာအကွယ်။
  • တစ်ဦးတစ်ယောက်ချင်းစီအတွက် သင့်တင့်မျှတသော ပရီမီယမ်နှုန်းထားဖြင့် ရရှိနိုင်သောပြီးပြည့်စုံသည့် အကောင်းဆုံးဆေးကုသစရိတ် အကာအကွယ်။

အဓိကအချက်အလက်များ

အာမခံအမျိုးအစား

  • ထပ်ဆောင်းအကာအကွယ် (အခြေခံငွေစုအာမခံရှိရပါမည်။)

ပေါ်လစီသက်တမ်း

  • ၁ နှစ်(အခြေခံ အစီအစအတိုင်းနှစ်စဥ်သက်တမ်းတိုးနိုင်ပါသည်။)

အာမခံထားငွေ

  • ၂,၅၀၀,၀၀၀ ကျပ် မှ ၅၀,၀၀၀,၀၀၀ ကျပ် အထိ။

အာမခံအစီအစဉ်အမျိုးအစား

  • အစီအစဉ် (၁) မှ အစီအစဉ် (၈) အထိ

အာမခံထားနိုင်သော အသက်အရွယ်

  • အသက် (၃၀) ရက်၊ ၁ နှစ်မှ မှ ၆၉ နှစ်အထိ

ကျန်းမာရေးစစ်ဆေးခြင်း

  • ဆေးစစ်ရန်လိုအပ်ပါသည်။

အကျိုးခံစားခွင့်များ

  • နေ့စဉ်အခန်းခကုန်ကျစရိတ် (ဆေးရုံတကြိမ် တက်တိုင်းရက် ၉၀ အထိ)
  • အခြားဆေးဝါးကုသမှု ကုန်ကျစရိတ် (အတွင်းလူနာအဖြစ်ဆေးရုံတက်ရောက်ခြင်း)
  • ဓာတ်ခွဲစစ်ဆေးစမ်းသပ်ခြင်း ဖြင့် ရောဂါ ရှာဖွေ ခြင်း
  • ဆေးရုံမတက်မီနှင့် ဆေးရုံတက်ပြီး ရောဂါရှာဖွေခြင်း
  • ခွဲစိတ်ခန်းခ ကုန်ကျစရိတ်
  • ခွဲစိတ်ကုသမှု ကုန်ကျစရိတ်
  • မေ့ဆေးဆရာဝန်အတွက် ကုန်ကျစရိတ်
  • ဆေးရုံတွင်းဆရာဝန် နေ့စဉ်ကြည့်ရှုခ
  • မတော်တဆမှုကြောင့် အရေးပေါ် ပြင်ပလူနာ အဖြစ် ကုသမှုခံရခြင်း
  • ပြင်ပလူနာ ဆေးရုံ၊ ဆေးခန်း တစ်ကြိမ် ပြသ တိုင်း ဆေးကုသမှုစရိတ်

အကျိုးခံစားခွင့်မရနိုင်သည့်အချက်များ

  • ပေါ်လစီမစတင်မီ နဂိုရှိရင်းစွဲရောဂါများ ကုသခြင်း။
  • နာတာရှည်နှင့်မွေးရာပါရောဂါများကုသခြင်း။
  • စစ်ပွဲ၊ အဓိကရုဏ်း၊ ဒုစရိုက်မှုတို့ကို ဦးတည်စေသော မည်သည့်ဖြစ်ရပ်မဆို။
  • အမြင်အာရုံကုသခြင်း။
  • အရက်၊ မူးယစ်ဆေး၀ါးကြောင့်ပြန်လည်ထူထောင်ရေး လုပ်ဆောင်ရခြင်း။
  • စိတ်နှင့်ပတ်သတ်သောရောဂါကုသခြင်း။
  • သွားနှင့်ပတ်သတ်သည့် ကုသမှုများ (မတော်တဆမှုမှလွဲ၍)
  • အလှအပရေးရာကုသခြင်း။
  • ကိုယ်၀န်နှင့်ပတ်သတ်သည့်မည်သည့်အကြောင်းအရာမဆို။
  • ခုခံအားကျဆင်းမှုကူးစက်ရောဂါနှင့် လိင်မှတဆင့်ကူးစက်သော ရောဂါများ။
  • မိသားစုဆရာ၀န်မှရောဂါကုသခြင်း။
  • မိမိကိုယ်ကို သတ်သေခြင်း၊ မိမိကိုယ်ကို ထိခိုက်ဒဏ်ရာရအောင်ပြုလုပ်ခြင်း၊ အသတ်ခံရခြင်း၊ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခံရခြင်း။
  • မှတ်ပုံတင်ထားခြင်းမရှိသော လေယာဥ်ပေါ်တွင်စီးနင်းခြင်း၊ အလုပ်လုပ်ကိုင်ခြင်း။
  • ကာကွယ်ဆေးထိုးခြင်း၊ အထွေထွေကျန်းမာရေးစစ်ဆေးခြင်း။

ပိုမိုသိရှိရန်

အသေးစိတ်သိရှိစုံစမ်းလိုပါက လူကြီးမင်းအနေဖြင့် “ပိုမိုသိရှိရန်” ကို နှိပ်ပြီး အောက်ဖော်ပြပါ အချက်အလက်များကို ဖြည့်သွင်းပြီး စီဘီအသက်အာမခံသို့ ပေးပို့ပြီး ဆက်သွယ်နိုင်ပါသည်။ စီဘီအသက်အာမခံမှ အသက်အာမခံ ကျွမ်းကျင်ဝန်ထမ်းများက လူကြီးမင်းအား ပြန်လည်ဆက်သွယ်ပြီး အသက်အာမခံဝန်ဆောင်မှုများကို ပြုလုပ်နေပါသည်။

ပြင်းထန်သောရောဂါကုသမှုအာမခံ

ပြည်တွင်း၊ပြည်ပ၌ ပြင်းထန်သောရောဂါကြောင့် သေဆုံးခြင်းနှင့် ဆေးကုသမှုများအတွက် ငွေကြေး အထောက်အပံ့ ရရှိစေနိုင်ပါသည်။

အကျိုးကျေးဇူး

  • ကျန်းမာရေးအတွက် အသက်အာမခံနှင့် ဆေးကုသမှု ကုန်ကျစရိတ်များအတွက် အကာအကွယ် ရရှိနိုင်ခြင်း။

အဓိကအချက်အလက်များ

  • ပေါ်လစီသက်တမ်း နှစ်

  • အစိုးရအသိအမှတ်ပြုဆေးရုံ/ဆေးခန်းများ

  • အာမခံထားသူ၏ အသက် နှစ် မှ ၆၀ နှစ် အထိ

အကျိုးခံစားခွင့်များ

၁။ နှလုံးရပ်ခြင်း

၂။ လေဖြတ်ခြင်း

၃။ ကင်ဆာ

၄။ ကျောက်ကပ်ပျက်စီးခြင်း

၅။ အစားထိုးကုသခြင်း

၆။ နှလုံးအဆို့ရှင် အစားထိုးခြင်း သို့မဟုတ် ပြုပြင်ခြင်း

၇။ လမ်းကြောင်းလွှဲ၍ နှလုံးခွဲစိတ်ကုသခြင်း

၈။ ပြင်းထန်စွာ မီးလောင်ခြင်း

၉။ သတိမေ့ခြင်း

၁၀။ ဘတ်တီးရီးယားကြောင့် ဖြစ်သော ဦးနှောက်အမြှေးရောင်ခြင်း

အကျိုးခံစားခွင့်မရနိုင်သည့် အချက်များ

၁။ ဆေးကုသမှု ခံယူနေခြင်း၊ ဆေးကုသရန် ဆရာဝန်၏ထောက်ခံချက်ကို ရရှိထားခြင်း၊ ရောဂါလက္ခဏာ ရှိပြီးသားဖြစ်နေခြင်း

၂။ စိတ်ပေါ့သွပ်ခြင်း၊ စိတ်ရောဂါဝေဒနာများကြောင့်ဖြစ်ခြင်း

၃။ ကျန်းမာရေးစစ်ဆေးရန်နှင့် အနားယူအားမွေးရန် ဆေးရုံတက်ခြင်း

၄။ အလှအပအတွက်ဖြစ်ခြင်း

၅။ နားကြားကိရိယာတပ်ဆင်ရန်အတွက် ဖြစ်ခြင်း

၆။ ကိုယ်ခန္ဓာချို့ယွင်းခြင်း (သို့မဟုတ်) မသန်စွမ်းခြင်း

၇။ မူးယစ်ဆေးဝါးသုံးစွဲခြင်း

၈။ ကိုယ်တိုင် ရာဇဝတ်မှု ကျူးလွန်ခြင်း

၉။ HIV/AIDS ဖြစ်ခြင်း

၁၀။ အကြမ်းဖက်ဖျက်စီးခြင်း၊ အဓိကရုဏ်း၊ စစ််နှင့် စစ်အသွင်ဖြစ်ပွားခြင်း

၁၁။ လိမ်လည်တောင်းခံသည့်ဖြစ်ရပ်များ

၁၂။ မိမိကိုယ်ကို သတ်သေခြင်း (သို့မဟုတ်) ဒဏ်ရာအနာတရဖြစ်အောင်ပြုလုပ်ခြင်း

၁၃။ အာမခံစသည့်နေ့ (သက်တမ်းဆက်ထားသည့် စာချုပ်ဖြစ်ပါက သက်တမ်းမဆက်မီစာချုပ်၏ အာမခံ စသည့်နေ့) မှစပြီး ရက်ပေါင်း (၉၀) အတွင်း ရောဂါအမည် သတ်မှတ်ခံရသည့် ကင်ဆာဖြစ်သော အလုံးအကျိတ် (Malignant Tumor) ကို ကုသခြင်း

၁၄။ Carcinoma in situ/ Intraepithelial Neoplasm (အက်ပီသီသျှမ် အလွှာအတွင်း အလုံးအကျိတ် အရေပြား အသက်ရှူ အစာနှင့် ဆီးလမ်းကြောင်းတို့၏ အခေါင်းအဂၤါ လမ်ကြောင်းအားလုံးရှိ အက်ပီသီသျှမ်ဆဲလ် အလွှာတွင် အလုံးအကျိတ်ဖြစ်ပွားခြင်း)

ပိုမိုသိရှိရန်

အသေးစိတ်သိရှိစုံစမ်းလိုပါက လူကြီးမင်းအနေဖြင့် “ပိုမိုသိရှိရန်” ကို နှိပ်ပြီး အောက်ဖော်ပြပါ အချက်အလက်များကို ဖြည့်သွင်းပြီး စီဘီအသက်အာမခံသို့ ပေးပို့ပြီး ဆက်သွယ်နိုင်ပါသည်။ စီဘီအသက်အာမခံမှ အသက်အာမခံ ကျွမ်းကျင်ဝန်ထမ်းများက လူကြီးမင်းအား ပြန်လည်ဆက်သွယ်ပြီး အသက်အာမခံဝန်ဆောင်မှုများကို ပြုလုပ်နေပါသည်။

ကျန်းမာရေးအာမခံ

ဝန်ထမ်းများ၏ကျန်းမာရေး ကုန်ကျစရိတ်များအတွက် အတိုင်းအတာတခုအထိ အထောက် အပံ့ပေးနိုင်ရန် ရည်ရွယ်ပါသည်။

အကျိုးကျေးဇူး

  • ကျန်းမာရေးအတွက် အသက်အာမခံနှင့် ဆေးကုသမှု ကုန်ကျစရိတ်များအတွက် အကာအကွယ် ရရှိနိုင်ခြင်း။

အဓိကအချက်အလက်များ

  • ပေါ်လစီသက်တမ်း နှစ်

  • အစိုးရအသိအမှတ်ပြုဆေးရုံ/ဆေးခန်းများ

  • အာမခံထားသူ၏ အသက် နှစ် မှ ၇၅ နှစ် အထိ

အကျိုးခံစားခွင့်များ

  • အခြေခံအကာအကွယ်

  • ရောဂါ/မတော်တဆထိခိုက်မှုကြောင့် ဆေးရုံတက်ကုသစရိတ် (၁၀,၀၀၀ ကျပ် မှ ၁၀၀,၀၀၀ကျပ် အထိ)
  • ရောဂါ/မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်း (,၀၀၀,၀၀၀ ကျပ် မှ ၁၀,၀၀၀,၀၀၀ ကျပ် အထိ)

  • ရွေးချယ်နိုင်သည့်အခြေခံအကာအကွယ် ()

  • ခွဲစိတ်ကုသခြင်း (တစ်ကိုယ်လုံးမေ့ဆေး(သို့) ကိုယ်တစ်ပိုင်းထုံဆေးဖြင့်ခွဲစိတ်ကုသမှုခံယူသည့် အခါ)

  • ကိုယ်ဝန်ပျက်ကျခြင်း(သဘာ၀အလျောက်)

  • ရွေးချယ်နိုင်သည့်အခြေခံအကာအကွယ် ()

  • ဆေးရုံ/ဆေးခန်းပြသခြင်း။

အကျိုးခံစားခွင့်မရနိုင်သည့် အချက်များ

၁။ ဆေးကုသမှု ခံယူနေခြင်း၊ ဆေးကုသရန် ဆရာဝန်၏ထောက်ခံချက်ကို ရရှိထားခြင်း၊ ရောဂါလက္ခဏာ ရှိပြီးသားဖြစ်နေခြင်း။

၂။ သားဖွားခြင်း၊ ဗိုက်ခွဲမွေးခြင်း၊ မီးဖွားခြင်းနှင့် ဆိုင်သော ခွဲစိတ်ကုသမှု။ သို့သော် အာမခံထားပြီးနောက် ကိုယ်ဝန်နှင့် အာမခံထားချိန်တွင် ပုံမှန်ဖြစ်နေသော ကိုယ်ဝန်ကြောင့် ဖြစ်လာသည့် တွဲဖက်ရောဂါများ (ကိုယ်ဝန်ဆိပ်သင့်ခြင်း၊ ကိုယ်ဝန်ဆောင် သွေးတိုးရောဂါ၊ ကိုယ်ဝန်ဆောင် ဆီးချိုရောဂါ စသည်) တို့ကြောင့် ဆေးရုံတက်ခြင်းနှင့် ခွဲစိတ်ကုသခြင်းသည် အကျိုးခံစားခွင့် ပေးချေရန် အကျုံးဝင်သည်။ ထို့အပြင် ကိုယ်ဝန်ပျက်ကျခြင်းသည် ရွေးချယ်နိုင်သည့် အကာအကွယ် () ကို ဝယ်ယူထားပါက အကျိုးခံစားခွင့် ပေးချေရန် အကျုံးဝင်သည်။

၃။ စိတ်ပေါ့သွပ်ခြင်း၊ စိတ်ရောဂါ ဝေဒနာများကြောင့် ဖြစ်ခြင်း။

၄။ ကျန်းမာရေးစစ်ဆေးရန်နှင့် အနားယူအားမွေးရန် ဆေးရုံတက်ခြင်း။

၅။ သားသမီးရလိုမှုဖြင့် ဆေးရုံတက်ခြင်း နှင့် ခွဲစိတ်ကုသခြင်း။

၆။ မတော်တဆထိခိုက်ဒဏ်ရာရခြင်းမှ အပဖြစ်သော သွားနှင့် ပတ်သက်သည့် ကုသမှုအတွက်ဖြစ်ခြင်း။

၇။ မတော်တဆထိခိုက်ဒဏ်ရာရခြင်းမှ အပဖြစ်သော မျက်မှန်အပါအဝင် မျက်စိစမ်းသပ်ခြင်း၊ အမြင်သွေဖယ်ခြင်း၊ မျက်စိကုသခြင်း၊ အမြင်အာရုံ ကောင်းမွန်လာအောင် ပြုပြင်ရန် ဖြစ်ခြင်း။

၈။ အလှအပအတွက်ဖြစ်ခြင်း။

၉။ နားကြားကိရိယာတပ်ဆင်ရန်အတွက် ဖြစ်ခြင်း။

၁၀။ ကိုယ်ခန္ဓာချို့ယွင်းခြင်း (သို့မဟုတ်) မသန်စွမ်းခြင်း။

၁၁။ မူးယစ်ဆေးဝါးသုံးစွဲခြင်း

၁၂။ ကိုယ်တိုင် ရာဇဝတ်မှု ကျူးလွန်ခြင်း

၁၃။ HIV/AIDS ဖြစ်ခြင်း

၁၄။ အကြမ်းဖက်ဖျက်စီးခြင်း၊ အဓိကရုဏ်း၊ စစ််နှင့် စစ်အသွင်ဖြစ်ပွားခြင်း

၁၅။ ရောဂါကြောင့် ဆေးရုံတက်ရက်ပေါင်းသည် ()​ရက်နှင့် အောက်ဖြစ်သော ဆေးကုသမှုများ

၁၆။ လိမ်လည်တောင်းခံသည့်ဖြစ်ရပ်များ

၁၇။ မိမိကိုယ်ကို သတ်သေခြင်း (သို့မဟုတ်) ဒဏ်ရာအနာတရဖြစ်အောင်ပြုလုပ်ခြင်း

ပိုမိုသိရှိရန်

အသေးစိတ်သိရှိစုံစမ်းလိုပါက လူကြီးမင်းအနေဖြင့် “ပိုမိုသိရှိရန်” ကို နှိပ်ပြီး အောက်ဖော်ပြပါ အချက်အလက်များကို ဖြည့်သွင်းပြီး စီဘီအသက်အာမခံသို့ ပေးပို့ပြီး ဆက်သွယ်နိုင်ပါသည်။ စီဘီအသက်အာမခံမှ အသက်အာမခံ ကျွမ်းကျင်ဝန်ထမ်းများက လူကြီးမင်းအား ပြန်လည်ဆက်သွယ်ပြီး အသက်အာမခံဝန်ဆောင်မှုများကို ပြုလုပ်နေပါသည်။

ကျန်းမာရေးအာမခံ

ပိုမိုသိရှိလိုပါက အချက်အလက်များကိုဖြည့်ပေးပါ။

    more-info