အသက်အာမခံသည် မိသားစု၌ အဓိက ဝင်ငွေရှာဖွေသူ (အိမ်ထောင်ဦးစီး) အနေဖြင့် သေဆုံးမှုကဲ့သို့ မမျှော်လင့်သော ဖြစ်ရပ်များနှင့် ကြုံတွေ့ရသည့်အခါ ဝင်ငွေဆုံးရှုံးမှုများကို လျော့ပါးသက်သာစေရန် အထောက်အပံ့ပေးသည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။
ကျွန်ုပ်တို့ စီဘီအသက်အာမခံအနေဖြင့် အသက်အာမခံစာချုပ်ချုပ်ဆိုခြင်းဖြင့် ဤကဲ့သို့သော လူအများ၏ မလိုလားသော ဖြစ်ရပ်များ (risk)များကို တာဝန်လွှဲပြောင်းယူပေးခြင်းဖြစ်ပါသည်။ တနည်းအားဖြင့် လူပုဂ္ဂိုလ် တစ်ဦးသည် ၎င်း၏ မလိုလားသော ဖြစ်ရပ်များ (risk)များကို စီဘီအသက်အာမခံကုမ္ပဏီကဲ့သို့ အသက်အာမခံကုမ္ပဏီသို့ လွှဲပြောင်းပေးခြင်းဖြင့် (အသက်အာမခံဝယ်ယူခြင်းဖြင့်)အသက်အာမခံအကာအကွယ်ဝယ်ယူနိုင်ပါသည်။ ဤကဲ့သို့ အာမခံထားလိုသူမှ ၎င်း၏ risk ကို အာမခံကုမ္ပဏီသို့ လွှဲပြောင်းခြင်း အတွက် ပရီမီယံ(အာမခံကြေး)ကို ပေးသွင်းရမည်ဖြစ်ပါသည်။
အာမခံလုပ်ငန်း၏ အဓိက ရည်ရွယ်ချက်မှာ ငွေကြေးဆုံးရှုံးမှုများကို အတိုင်းအတာတစ်ခုအထိ လျော့ပါး သက်သာစေရန် သာ ဖြစ်ပြီး အသက်အာမခံထားရှိခြင်းဖြင့် အကျိုးအမြတ် ရရှိစေရန်အထောက်အပံ့ပေးခြင်းမဟုတ်ပါ။ ထို့ကြောင့် မိသားစုတိုင်းအ နေဖြင့် အသက်အာမခံကို ဝယ်ယူပြီးထားရှိသင့်ပါသည်။
အကယ်၍ သင်ကွယ်လွန်သွားခဲ့သည်ရှိသော် စီးပွားရေး အခက်အခဲ အကျပ်အတည်းဖြစ်မည့်သူရှိပါသလား။ အကယ်၍ ရှိခဲ့ပါက အကောင်းဆုံးအဖြေမှာ အသက်အာမခံဝယ်ယူရှိခြင်းဖြင့် ဤ အခက်အခဲများကို ဖြေရှင်းနိုင်ပါသည်။
စုံစမ်းမေးမြန်းလိုသည်များရှိပါသလား။ လူကြီးမင်းအနေဖြင့် အသက်အာမခံနှင့် ပတ်သက်ပြီး သိရှိလိုသည်များကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
© Copyright 2020 All right reserved by CB Life Insurance