အထွေထွေ မေးခွန်းများ
စီဘီလိုက်ဖ်၏အသက်အာမခံပေါ်လီစီများကို စီဘီအသက်အာမခံကုမ္ပဏီ ရုံးချုပ် နှင့် ရုံးခွဲများ၊ စီဘီဘဏ်ခွဲများ၊ ကုမ္ပဏီမှ အသိအမှတ်ပြု ခန့်အပ်ထားသည့် ကိုယ်စားလှယ်များမှ တစ်ဆင့် ဝယ်ယူထားရှိနိုင်ပါသည်။
အိမ်ထောင်ဦးစီး (သို့) မိသားစုအတွက် ၀င်ငွေရှာဖွေပေးနေသူ သေဆုံးခြင်း (သို့) ထာ၀စဥ် မသန်စွမ်းဖြစ်ခြင်း (သို့) မတော်တဆ ထိခိုက်ဒဏ်ရာရရှိခြင်း စသည့် မမျှော်လင့်ထားသော ဖြစ်ရပ်များနှင့် ကြုံတွေ့ရပါက အခြားသောမိသားစုဝင်များအတွက် အတိုင်းအတာ တစ်ခုအထိ ငွေကြေး အထောက်အပံ့ ရရှိနိုင်မည် ဖြစ်ပါသည်။
ကနဦး ပရီမီယံကြေးကို စီဘီအသက်အာမခံကုမ္ပဏီလီမိတက် မှ အသိအမှတ်ပြုထားသည့် ကိုယ်စားလှယ်များမှတဆင့် ပေးသွင်းနိုင်ပါသည်။ ကျန်ရှိသည့် ပရီမီယံကြေးများကို Mobile Banking (သို့) ဘဏ်မှငွေလွှဲခြင်း (သို့) ကြိုတင်အပ်ငွေမှ ပေးသွင်းခြင်း (သို့) ဘဏ်မှ အလိုအလျောက် ငွေသွင်းပေးသည့် စနစ်ကိုအသုံးပြုခြင်း စသည့်နည်းလမ်းများ အသုံးပြု၍ ပေးသွင်းနိုင်ပါသည်။
ပရီမီယံကြေးကို ဝယ်ယူသည့် အာမခံအမျိုးအစားပေါ်မူတည်၍ တစ်ကြိမ်တည်း/တစ်လုံးတည်း ပေးသွင်းခြင်းဖြင့်လည်းကောင်း၊ (၁) လတစ်ကြိမ်၊ (၃) လတစ်ကြိမ်၊ (၆) လတစ်ကြိမ်၊ (၁) နှစ်တစ်ကြိမ်စသည့် ပေးသွင်းမှုပုံစံများဖြင့် လုပ်ဆောင်နိုင်ပါသည်။
အကျိုးခံစားခွင့် (လျော်ကြေး) တောင်းခံသည့်အခါ လုပ်ဆောင်ရမည့် အဆင့်များကို CB Life Website ၏ “Help & Support”page ၌ ဝင်ရောက် ကြည့်ရှု လေ့လာနိုင်ပါသည်။
အကျိုးခံစားခွင့် (လျော်ကြေး) တောင်းခံသည့်အခါ လုပ်ဆောင်ရမည့် အဆင့်များနှင့် လိုအပ်သည့် စာရွက်စာတမ်းများသည် ၀ယ်ယူထားသည့် အာမခံအမျိုးအစားအလိုက် ကွာခြားချက်များရှိမည်ဖြစ်ပါသည်။ အကျိုးခံစားခွင့် (လျော်ကြေး) တောင်းခံလိုသူအနေဖြင့် အကျိုးခံစားခွင့် (လျော်ကြေး)တောင်းခံရန် အခြေအနေ ဖြစ်ပွားသည်နှင့် တစ်ပြိုင်နက် စီဘီအသက်အာမခံကုမ္ပဏီသို့ ချက်ချင်းအကြောင်းကြားပြီး ကြိုတင်သတင်းပေးပို့ရပါမည်။ လိုအပ်သည့် စာရွက်စာတမ်းများ နှင့် အကျိုးခံစားခွင့် တောင်းခံလွှာများကို သတ်မှတ်ထားသည့် ကာလအတွင်း စီဘီအသက်အာမခံကုမ္ပဏီသို့ တင်ပြရမည် ဖြစ်ပါသည်။
စီဘီအသက်အာမခံ ကုမ္ပဏီလီမိတက်တွင် အောက်ပါအသက်အာမခံအမျိုးအစားများကို ဝယ်ယူရရှိနိုင်ပါသည်။
(က) စုဆောင်းမှု အသက်အာမခံ
(ခ) အကာအကွယ်ပေး အသက်အာမခံ
(ဂ) ကျန်းမာရေးအာမခံ
(ဃ) ခရီးသွားအာမခံ
(င) ချေးငွေအသက်အာမခံ ဟူ၍ အမျိုးအစား(၅)မျိုးရှိပါသည်။
ထိုအသက်အာမခံ အမျိုးအစားများအလိုက် ဝယ်ယူရရှိနိုင်သော အသက်အာမခံပေါ်လစီများမှာ အောက်ဖော်ပြပါ အတိုင်းဖြစ်ပါသည်။
(က) စုဆောင်းမှု အသက်အာမခံ
(၁) နှစ်တိုငွေပင်ငွေရင်း အသက်အာမခံ
(၂) ပညာရေး အသက်အာမခံ
(၃) စာသင်သား အသက်အာမခံ
(၄) တမူထူးခြားသည့် စုဆောင်းမှု အသက်အာမခံ
(၅) တစ်လုံးတည်းပေး ငွေပင်ငွေရင်း အသက်အာမခံ
(ခ) အကာအကွယ်ပေး အသက်အာမခံ
(၁) စုပေါင်းအသက်အာမခံ
(၂) ကိုယ္အဂၤါထိခိုက္မႈ အာမခံ
(၃) အသေးစားကိုယ်ခန္ဓာ ထိခိုက်မှုအသက်အာမခံ (စိတ်ချလိုက်ဖ်)
(၄) ပြည်သူပြည်သားနှစ်ချင်း အသက်အာမခံ
(၅) အားကစားသမားကိုယ္အဂၤါထိခိုက်မှုအာမခံ
(၆) တောင်သူလယ်သမားအသက်အာမခံ
(၇) မြွေအန္တရာယ်အာမခံ
(ဂ) ကျန်းမာရေးအာမခံ
(၁) ကျန်းမာရေးအာမခံ
(၂) ပြင်းထန်သောရောဂါကုသမှုအာမခံ
(ဃ) ခရီးသွားအသက်အာမခံ
(၁) ခရီးသွားအာမခံ
(၂) အဝေးပြေးအမြန်လမ်းမကြီးများဆိုင်ရာအထူးခရီးသွားအာမခံ
(င) ချေးငွေအသက်အာမခံ
(၁) ပရီမီယံတစ်ကြိမ်ပေး ချေးငွေအသက်အာမခံ
(၂) ပရီမီယံတစ်ကြိမ်ပေး နှစ်တိုချေးငွေအသက်အာမခံ
မြန်မာနိုင်ငံရှိ အာမခံကုမ္ပဏီများသည် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စက်မှု ဝန်ကြီးဌာန လက်အောက်ရှိ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့နှင့် မြန်မာ့အာမခံအသင်းတို့မှ အာမခံ လုပ်ငန်းလုပ်ကိုင်ရန် အသိအမှတ်ပြု ထောက်ခံချက်ကို ရရှိထားပြီးမှသာ အာမခံလုပ်ငန်း ဝန်ဆောင်မှုများကို လုပ်ကိုင်နိုင်ခြင်း ဖြစ်ပါသည်။
နိုင်ငံသား စီးပွားရေး အာမခံ (အများပိုင်)လီမိတက် အနေဖြင့် စတင်တည်ထောင်သည့် (၂၀၁၂) ခုနှစ်မှ စတင်၍ အသက်အာမခံ နှင့် ကျန်းမာရေး အာမခံများကို မြို့နေပြည်သူလူထုအတွက် လည်းကောင်း၊ စျေးနှုန်းသက်သာပြီး ဝယ်ယူရလွယ်ကူသော အသေးစား ကိုယ်ခန္ဓာ ထိခိုက်မှု အသက်အာမခံများကို သမဝါယမအဖွဲ့အစည်းများမှ တစ်ဆင့် ကျေးလက်နေ ပြည်သူလူထု အတွက်လည်းကောင်း အကောင်းဆုံးသော ဝန်ဆောင်မှုများနှင့် ရောင်းချ ပေးလျက်ရှိပါသည်။
နိုင်ငံသား စီးပွားရေး အာမခံ (အများပိုင်)လီမိတက် သည် ထိုင်းနိုင်ငံရှိ အသက်အာမခံလုပ်ငန်း များအနက် ဒုတိယမြောက် အင်အားကြီးကုမ္ပဏီတစ်ခုဖြစ်သည့် Thai Life Insurance PLC., နှင့် (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့တွင် မိတ်ဖက်ပြုလုပ်ကာ စီဘီအသက်အာမခံကုမ္ပဏီ လီမိတက်အဖြစ် တရားဝင်ဖွဲ့စည်းခဲ့ပါသည်။ ဤသို့ ပြည်သူလူထု၏ အသိအမှတ်ပြုရရှိထားပြီး ဖြစ်သည့် အသက်အာမခံ ကုမ္ပဏီနှစ်ခု မိတ်ဖက်ပြုလုပ်ငန်း တည်ထောင်ခြင်းသည် မြန်မာ့ လူ့အဖွဲ့အစည်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရေရှည် အကျိုးပြုနိုင်မည့် ပူးပေါင်း ဆောင်ရွက်မှုများကို ဆောင်ကျဉ်းပေးနိုင်မည် ဖြစ်ပါသည်။
ထို့အပြင် စီဘီအသက်အာမခံ ကုမ္ပဏီလီမိတက်သည် မြန်မာနိုင်ငံငွေကြေးစျေးကွက်၏ အတောင့်တင်း အခိုင်မာဆုံး ဖြစ်သော ဂုဏ်သတင်းရှိသည့် လုပ်ငန်းများထဲမှ တစ်ခုအပါအဝင် ဖြစ်သည့် CB Bank ၏ လုပ်ငန်းစုတစ်ခု ဖြစ်သည့်အတွက် စတင်တည်ထောင်ခဲ့သည့် လွန်ခဲ့သော (၇)နှစ်မှ စတင်ကာ ယနေ့အချိန်ထိ Customer များ၏ အထူးယုံကြည် အားကိုးမှုကို ရရှိလျက်ရှိပါသည်။
အကျိုးခံစားခွင့်ရှိသူသည် ဆရာဝန်၏ ဆေးစစ်ချက်ထောက်ခံစာ ၊ (အာမခံထားသူ၏) သေစာရင်း စသည့် လိုအပ်သောစာရွက်စာတမ်းများအား တင်ပြ၍ အကျိုးခံစားခွင့် (လျော်ကြေး)ကို တောင်းခံနိုင်ပါသည်။ အကျိုးခံစားခွင့် (လျော်ကြေး) တောင်းခံသည့်အခါ လုပ်ဆောင်ရမည့် အဆင့်များကို CB Life Website ၏ “Help & Support”page ၌ ဝင်ရောက် ကြည့်ရှု လေ့လာနိုင်ပါသည်။
အကျိုးခံစားခွင့်ရှိသူအတွက် အသက်ကန့်သတ်ချက် မရှိပါ။ သို့သော် အသက်(၁၈) နှစ်အောက် အကျိုးခံစားခွင့်ရှိသူအတွက် အုပ်ထိန်းသူရှိရန် လိုအပ်ပါသည်။
စုဆောင်းမှုအသက်အာမခံ အမျိုးအစားအား ဝယ်ယူထားရှိသော အာမခံထားသူများအနေဖြင့် အာမခံပေါ်လစီအလိုက် သတ်မှတ်ထားသည့် ချေးငွေပမာဏအတိုင်း ချေးငွေ ရယူနိုင်ပါသည်။ ချေးငွေ ရယူနိုင်သည့်ပမာဏမှာ မိမိထားရှိသော အာမခံပေါ်လစီပေါ်မူတည်၍ သတ်မှတ်ချက် များ အပြောင်းအလဲ ရှိနိုင်ပါသည်။
အာမခံထားသူ သေဆုံးချိန်တွင် အကျိုးခံစားခွင့် လွှဲအပ်ခံရသူသည် သေဆုံးပြီးဖြစ်ကာ အကျိုးခံစားခွင့်ထပ်မံ လွှဲပြောင်းထားခြင်းမရှိခဲ့လျှင် ဥပဒေ (၁၂/ဆ) နှင့် အညီ အာမခံထားရှိသူ၏ အမွေဆက်ခံခွင့်ရှိသူများအား အကျိုးခံစားခွင့်ကို အောက်ပါအတိုင်း လွှဲပြောင်းပေးမည် ဖြစ်ပါသည်။
- ခင်ပွန်း/ဇနီး
- သားသမီး
- မြေး
- ညီအစ်ကို၊မောင်နှမ
- မိဘ
အာမခံထားသူမှ ဝယ်ယူထားသည့် အာမခံအမျိုးအစားအပေါ် မူတည်၍ ကွဲပြားခြားနား မည်ဖြစ်ပါသည်။
ဥပမာအားဖြင့် ပြည်သူပြည်သားနှစ်ချင်းအသက်အာမခံ ကဲ့သို့သော နှစ်တိုအာမခံ အမျိုးအစား တွင် အာမခံသက်တမ်း ပြည့်ပါက ပရီမီယံကြေးကို ပြန်လည်ထုတ်ပေးမည် မဟုတ်ပါ။ သို့ရာတွင် အာမခံထားသူ (သို့မဟုတ်) ပေါ်လစီရှင်သည် အာမခံသက်တမ်းအတွင်း လျော်ကြေး တောင်းခံရန် အခြေအနေ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက အကျိုးခံစားခွင့် (လျော်ကြေး)ကို ရရှိမည်ဖြစ်ပါသည်။
တမူထူးခြားသည့်စုဆောင်းမှုအသက်အာမခံ ကဲ့သို့သော စုဆောင်းမှု အသက်အာမခံ အမျိုးအစားတွင်မူ အာမခံထားသူ (သို့မဟုတ်) ပေါ်လစီရှင်သည် အာမခံသက်တမ်းပြည့်သည် အထိ အကျိုးခံစားခွင့်(လျော်ကြေး)တောင်းခံခြင်း မရှိခဲ့ပါက သတ်မှတ်ထားသည့် ပေါ်လစီ သက်တမ်း ပြည့်သည့်အခါ အာမခံထားငွေအား အကျိုးခံစားခွင့် အဖြစ် ရရှိမည် ဖြစ်ပါသည်။ သို့ရာတွင် အာမခံသက်တမ်းအတွင်း လျော်ကြေးတောင်းခံရန် အခြေအနေ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့သော်လည်း ထိုအဖြစ်အပျက်သည် အကျိုးခံစားခွင့် (လျော်ကြေး)ပေးရန် အကျုံးမဝင်သည့်အချက်များတွင် ပါဝင်နေပါက အာမခံထားသူ (သို့) ပေါ်လစီရှင်သည် ပေးသွင်းပြီးဖြစ်သည့် ပရီမီယံ စုစုပေါင်းငွေ ကိုသာ ပြန်လည် ရရှိနိုင်မည် ဖြစ်ပါသည်။