ဆပွားကာကွယ်အသက်အာမခံ
အာမခံထားသူသည် ဆပွားကာကွယ်အသက်အာမခံကို Smart Legacy 5/5 နှင့် အတူတွဲဝယ်ပါက ပြည့်စုံသော အကျိုးခံစားခွင့်များကို ရယူနိုင်ပါသည်။ အာမခံထားသူသည် ပေးသွင်းထားခဲ့သော ပရီမီယံများမှ အကျိုးအမြတ်များ ရရှိရုံသာမက မြင့်မားသော အသက်အာမခံအကာအကွယ်ကို ပုံမှန်ငွေစုဆောင်းတတ်သော အလေ့အထများကို ထိန်းသိမ်းနိုင်သည့်အပြင် ဝင်ငွေခွန်သက်သာခွင့်ကိုလည်း များစွာရရှိနိုင်မည်ဖြစ်ပါသည်။
ဆပွားကာကွယ်အသက်အာမခံသည် အိမ်ထောင်ဦးစီးမှ မမျှော်လင့်ထားသော အကြောင်းအရာများနှင့်ကြုံတွေ့ရပါက စိတ်ငြိမ်းချမ်းမှု နှင့် အာမခံထားသူ၏ တန်ဖိုးထားချစ်ခင်ရသော ကျန်ရစ်သူမိသားစုအား ငွေကြေးလုံခြုံမှုအဖြစ် ဝင်ငွေထောက်တိုင်တစ်ခု ဆောင်ကျဥ်းပေးရန် ရည်ရွယ်ပါသည်။ အကျိုးအမြတ်များပြီး အကာအကွယ်များသော အသက်အာမခံကို ဝယ်ယူလိုသူများအတွက် Smart Legacy 5/5 နှင့် အတူတွဲဖက်ဝယ်ယူရန် အကြံပေးလိုပါသည်။
ပရီမီယံနှုန်းထားသည် အာမခံထားသူ၏ အသက်နှင့် အာမခံထားငွေပေါ်မူတည်၍ ကနဦးအာမခံထားငွေ၏ 0.8% မှ 4.3% ထိ ပြောင်းလဲနိုင်ပါသည်။
ဤအာမခံသည် မြင့်မားသော အသက်အာမခံ အကာကွယ်ကို သက်သာသော ပရီမီယံနှုန်းထားဖြင့် ရယူစေနိုင်ရန် ထုတ်လုပ်ထားသော အကာအကွယ်ဦးစားပေး အာမခံအမျိုးအစားဖြစ်သည့်အတွက် ငွေစုဆောင်းသည့် အာမခံအမျိုးအစားနှင့် စပ်လျဉ်းသော အကျိူးခံစားခွင့်များဖြစ်သည့် အမ်းငွေထုတ်ယူခြင်း (Surrender Value)၊ စာရင်းပိတ်တန်ဖိုးထုတ်ယူခြင်း (Paid Up Value)၊ ချေးငွေရယူခြင်း (Policy Loan) နှင့် နှစ်စေ့အကျိုးခံစားခွင့် (Maturity Benefit) စသည့် အကျိုးခံစားခွင့်များ ရရှိမည်မဟုတ်ပါ။
အာာမခံထားသူ၏အသက်နှင့် ရယူလိုသည့် အကာအကွယ်ပမာဏပေါ် မူတည်၍ ဆေးစစ်ရန် လိုအပ်နိုင်ပါသည်။