Smart Saving Plus 5/3
ပေါ်လစီသက်တမ်းတစ်နှစ်ပြည့်တိုင်းတွင် ရှင်သန်မှုအကျိုးခံစားခွင့်ကို ပေါ်လစီရှင်ကို ပေးပါမည်။
အသက်အရွယ်ပိုင်းခြားအားလုံးအတွက် တူညီသောစျေးနှုန်းဖြင့်သာ ပရီမီယံကို ကောက်ခံပါသည်။
အာမခံထားသူအတွက် အာမခံသက်တမ်းအတွင်း စုဆောင်းမှုအကျိုးခံစားခွင့်များနှင့်အတူ သဘာဝအလျောက်သေဆုံးမှုအတွက် အကာအကွယ်ရသည့်အပြင် မတော်တဆသေဆုံးမှု များအတွက်ပါ အကာအကွယ်ရစေရန် မတော်တဆသေဆုံးမှုအတွက် ထပ်ဆောင်းအကာအကွယ် (Accidental Death Benefit Rider) ကို ထည့်သွင်းထားပါသည်။ မတော်တဆသေဆုံးမှုအတွက် ထပ်ဆောင်းအကာအကွယ် (Accidental Death Benefit Rider) ၏ ပရီမီယံကို (၅) နှစ် ပေးသွင်းရမည်ဖြစ်သည့်အတွက် ကျန်ရှိသည့် (၂)နှစ်စာအတွက် ပရီမီယံကို တတိယနှစ်နှင့် စတုတ္ထနှစ်၏ ရှင်သန်မှုအကျိုးခံစားခွင့်မှ အသီးသီး နှုတ်ယူပါမည်။
တမူထူးခြားသည့် ထပ်ပေါင်းစုဆောင်း အသက်အာမခံ (Smart Saving Plus 5/3) ကို ကနဦးအာမခံထားငွေ သိန်း ၂၀၀ နှင့် အထက် ဝယ်ယူပါက CB Life Prestige Member ဖြစ်နိုင်ပါသည်။
အာမခံထားသူသည် တမူထူးခြားသည့်ထပ်ပေါင်းစုဆောင်း အသက်အာမခံ ၅/၃ (Smart Saving Plus 5/3) ကို ဆပွားကာကွယ်အသက်အာမခံ (Smart ProTek Plus 5/5) နှင့် အတူတွဲဝယ်ပါက ပြီးပြည့်စုံသော အကျိုးခံစားခွင့်များကို ရယူနိုင်ပါသည်။ အာမခံထားသူသည် ပေးသွင်းထားခဲ့သော ပရီမီယံများမှ အကျိုးအမြတ်များ ရရှိရုံသာမက မြင့်မားသော အသက်အာမခံ အကာအကွယ်နှင့်အတူ ပုံမှန်ငွေစုဆောင်းတတ်သော အလေ့အထများကို ထိန်းသိမ်းနိုင်သည့်အပြင် ဝင်ငွေခွန်သက်သာခွင့်ကိုလည်း များစွာရရှိနိုင်မည်ဖြစ်ပါသည်။