မေးခွန်းနှင့်အဖြေများ

မေးခွန်းများ


Smart Legacy 5/5

Smart Legacy 5/5 အာမခံအား ကနဦးအာမခံထားငွေ သိန်း၁၀၀ နှင့် အထက် ဝယ်ယူပါက CB Life Prestige Member ဖြစ်နိုင်ပါသည်။

အသက်အရွယ်ပိုင်းခြားအားလုံးနှင့် မတူညီသော အလုပ်အကိုင်များအားလုံးအတွက် တူညီသောစျေးနှုန်းဖြင့်သာ ပရီမီယံကို ကောက်ခံသည့်အတွက် ငွေစုဆောင်းပြီး အသက်အာမခံ အကာအကွယ်ကိုပါ တစ်ပါတည်းရယူလိုသော သက်ကြီးပိုင်းများအတွက် အထူးသင့်တော်ပါသည်။

အာမခံထားသူမှ ကုမ္ပဏီသို့ ထိုအဖြစ်အပျက်ဖြစ်ပေါ် ပြီး (၆၀)ရက် အတွင်း ပေါ်လစီစာချုပ်တွင် ဖော်ပြထားသည့်အတိုင်း လိုအပ်သည့် စာရွက်စာတမ်းများကို ပြီးပြည့်စုံအောင် တင်ပြပြီး အ‌ကြောင်းကြားရပါမည်။ အာမခံထားသူမှ အကျိုးခံစားခွင့်တောင်းခံရန်အ‌ကြောင်းကြားပြီးပါက အလုပ်လုပ်ရက် (၁၅) ရက် အတွင်း ကုမ္ပဏီက စုံစမ်းစစ်ဆေးမှုများနှင့် လျော်‌ကြေးပေးချေခြင်းဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ပြီးနောက် အကျိုးခံစားခွင့်ကို အာမခံထားသူ (သို့) အကျိုးခံစားခွင့်ရှိသူ (Beneficiary) အား ပေးအပ်ပါမည်။ အကျိုးခံစားခွင့်ရယူပြီးသည့် နောက်နေ့မှစပြီး အကျိုးသက်ရောက်မှု ပျက်ပြယ်သွားမည်ဖြစ်ပြီး ပေါ်လစီသည်လည်း ပြီးဆုံးသွားမည်။

ပေါ်လစီအသက်ဝင်ပြီးနောက်မှ ကနဦးအာမခံထားငွေကို ပြန်လည်ပြင်ဆင်လို့မရပါ။ ပရီမီယံပေးသွင်းမှုပုံစံ နှင့် အကျိုးခံစားခွင့်ရှိသူ‌‌ပြောင်းလဲခြင်းကို ကုမ္ပဏီမှ ခွင့်ပြုပါက ပြင်ဆင်လို့ရပါသည်။

အာမခံထားသူသည် Smart Legacy 5/5ကို ဆပွားကာကွယ်အသက်အာမခံနှင့် အတူတွဲဝယ်ပါက ပြည့်စုံသော အကျိုးခံစားခွင့်များကို ရယူနိုင်ပါသည်။ အာမခံထားသူသည် ပေးသွင်းထားခဲ့သော ပရီမီယံများမှ အကျိုးအမြတ်များ ရရှိရုံသာမက မြင့်မားသော အသက်အာမခံအကာအကွယ်ကို ပုံမှန်ငွေစုဆောင်းတတ်သော အလေ့အထများကို ထိန်းသိမ်းနိုင်သည့်အပြင် ဝင်ငွေခွန် သက်သာခွင့်ကိုလည်း များစွာရရှိနိုင်မည်ဖြစ်ပါသည်။