တောင်သူလယ်သမားအသက်အာမခံ
အာမခံထားငွေကို အနည်းဆုံး (၁၀၀,၀၀၀) ကျပ်မှစ၍ အများဆုံး (၅,၀၀၀,၀၀၀) ကျပ် အထိ ထားနိုင်ပါသည်။
ပရီမီယံကြေးမှာ အာမခံထားငွေ၏ (၁) ရာခိုင်နှုန်း ဖြစ်သည်။
ပရီမီယံကြေးပေးသွင်းရမည့်ပုံစံမှာ တစ်ကြိမ်တည်းပေးပရီမီယံ ဖြစ်ပါသည်။
သေဆုံးမှုအကျိုးခံစားခွင့် ၊ ထာဝစဉ်လုံးဝမသန်စွမ်းအကျိုးခံစားခွင့် ၊ ထိခိုက်ဒဏ်ရာရရှိမှု အကျိုးခံစားခွင့် ၊ ဆေးရုံတက်အကျိုးခံစားခွင့် ။
ဆေးရုံတက်အကျိုးခံစားခွင့် (မတော်တဆထိခိုက်ဒဏ်ရာရမှုဖြင့်ဆေးရုံတက်ရပါက)
အာမခံထားငွေ (၁၀၀,၀၀၀)ကျပ် အတွက် တစ်ရက်လျှင် (၂,၀၀၀)ကျပ်
(ဆေးရုံ ၁–ကြိမ်တက်လျှင် အများဆုံး (၅) ရက်နှင့် ၃–ကြိမ်အထိသာ)