မေးခွန်းနှင့်အဖြေများ

မေးခွန်းများ


စုပေါင်းအသက်အာမခံ

သင်၏ အလုပ်သမားဝန်ထမ်းများအတွက် အလုပ်ချိန်နှင့် အလုပ်ချိန်ပြင်ပတွင်ဖြစ်ပေါ်လာနိုင်သည့် မတော်တဆထိခိုက်မှု အန္တရာယ်များကြောင့် သေဆုံးခြင်း၊ ဒဏ်ရာရရှိခြင်း၊ ဒဏ်ရာကြောင့် ထာ၀စဉ်မစွမ်းမသန်ဖြစ်သွားသည့် ကိစ္စရပ်များ ဖြစ်ပေါ်လာပါက သင့်တွင် ဖြစ်ပေါ်လာနိုင်မည့် တာဝန်ရှိမှုဟူသော စိုးရိမ်သောကကို ဤ အာမခံအကာအကွယ် ယူထားခြင်းဖြင့် လျော့ပါးစေပါသည်။

အာမခံကြေးငွေကို တစ်ကြိမ်သာလျှင် တစ်နှစ်အတွက် အပြီးပေးရပါမည်။

ဥပမာ    –           ဝန်ထမ်းတစ်ဦးအတွက် စုပေါင်းအသက်အာမခံ ကျပ် သိန်း ၅၀ အကာအကွယ်ယူလျှင် အာမခံကြေး ကျပ် ၅၀၀၀၀ ကျပါမည်။ (အာမခံအကာအကွယ်ယူလိုသည့် ငွေပမာဏ၊ အာမခံထားငွေ၏ ၁%ကျပါသည်။)

(က)      မတော်တဆသေဆုံးမှုအကျိုးခံစားခွင့်

(ခ)        မတော်တဆမှုကြောင့်ဖြစ်သော ထာ၀စဉ်မစွမ်းမသန်ဖြစ်မှု

(ဂ)        မတော်တဆဒဏ်ရာရရှိမှု အကျိုးခံစားခွင့်     (ဒဏ်ရာအတိမ်အနက်လိုက် ပြင်းထန်မှုအရ)

(က)      အမှုတွဲတောင်းခံလွှာ

(ခ)        အမှုဖြစ်စဉ်အကျဉ်းချုပ်ကိုဖော်ပြထားသည့် အလုပ်ရှင်၏ ထောက်ခံစာ

(ဂ)        သေစာရင်းမိတ္တူ

(ဃ)      ဒဏ်ရာရရှိမှုကို ဖော်ပြထားသော ဆေးမှတ်တမ်းနှင့် ဒဏ်ရာကို ပေါ်လွင်ထင်ရှားအောင် ခန္ဓာကိုယ် တစ်ခုလုံးနှင့် ဆက်စပ်ရိုက်ထားသည့် ဓါတ်ပုံများ

(င)      ဒဏ်ရာရရှိသူ၏နိုင်ငံသားစိစစ်ရေးကဒ်နှင့်

(စ)      ကိုယ်တိုင်လာရောက်မထုတ်ယူနိုင်ပါက လွှဲပြောင်းပေးပို့ရမည့် ဘဏ်စာရင်းအမှတ်နှင့် ဘဏ်ခွဲ အမည်၊ မြို့