စုပေါင်းကျန်းမာရေး နှင့် မတော်တဆ ထိခိုက်မှုအာမခံ
အာမခံထားသူသည် ၄င်းရရှိနိုင်သည့် အကျိုးခံစားခွင့်များသည် အကျိုးခံသားခွင့်ဇယားတွင် တောင်းခံနိုင်သော ပမာဏကျန်ရှိနေသေးလျှင် တောင်းခံ၍ရနိုင်ပါသည်။ ပြင်ပလူနာဆေးကုသစရိတ် တောင်းခံရန် ထိုအကာအကွယ်ကို၀ယ်ယူထားရန်လိုအပ်ပါသည်။
အာမခံထားသူသည်ဆေးရုံတက်ရန်မလိုအပ်သော်လည်း ဆေး၀ါးကုသမှု ကုန်ကျစရိတ်များအတွက် လျော်ကြေးတောင်းခံနိုင်ပါသည်။
အလုပ်နှင့် သက်ဆိုင်သော အလုပ်နှင့်မသက်ဆိုင်သော ထိခိုက်ဒဏ်ရာရရှိမှုများအတွက်အကာအကွယ် ကို ၂၄ နာရီ ၇ရက်ပတ်လုံး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ရရှိနိုင်ပါသည်။
ဤအာမခံအမျိုးအစားတွင် ပေါ်လစီစာချုပ်တွင်ဖော်ပြထားသည့်အတိုင်း ဆေးရုံဆင်းပြီးနောက်ပိုင်း ကုသမှုများအတွက် သတ်မှတ်ထားသည့်ရက်အတိုင်းရရှိနိုင်ပါသည်။ (ဆေးရုံတက်သည့် အကြောင်းအရာနှင့်တူညီရပါမည်။)
ပြင်ပလူနာအဖြစ်ဆေးရုံပြသခြင်းအတွက် တစ်ရက်ဆေးခန်းပြသမှု အတွက် တစ်ကြိမ်နှုန်းဖြင့် တစ်နှစ်လျှင် ရက် ၃၀ အထိ အများဆုံး အကျိုးခံစားခွင့်တောင်းခံနိုင်ပါသည်။
ဥပမာ – Diamond Plan အတွက် တစ်ရက်လျှင်ပြင်ပလူနာကုသမှု အကျိုးခံစားခွင့် – ၃၀,၀၀၀ကျပ်
တစ်နှစ်လျှင်အများဆုံးရရှိနိုင်သော အကျိုးခံစားခွင့် ( ရက် ၃၀) – ၃၀,၀၀၀ x ၃၀ = ၉၀၀,၀၀၀ကျပ်
ပေါ်လစီနှစ်အတွင်း ဝန်ထမ်းထွက်ပါက ပရီမီယံလုံးဝပြန်မအမ်းပါ။ အစားထိုးခွင့် (၃) ကြိမ် ခွင့်ပြုသည်။