ကိုယ္အဂၤါထိခိုက္မႈ အာမခံ
(က) မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်း
(ခ) မတော်တဆထိခိုက်မှုကြောင့် ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်း
(ဂ) မတော်တဆထိခိုက်မှုကြောင့် ကိုယ္အဂၤါထိခိုက်ဒဏ်ရာရခြင်း
(ဃ) မတော်တဆထိခိုက်မှုကြောင့် ဆေးရုံတက်ရောက်ကုသခြင်းအတွက် တစ်ပတ် (အာမခံထားငွေ၏ ၃% မှ တစ်နှစ်လုံး အများဆုံး ၁၅%)
(င) မတော်တဆ ထိခိုက်မှုကြောင့်အိမ်၌အနားယူနေထိုင်ရခြင်း ဖြစ်ပါက ဝင်ငွေဆုံးရှုံးခြင်းအတွက် တစ်ပတ် (အာမခံထားငွေ၏ ၃% မှ တစ်နှစ်လုံး အများဆုံး ၁၅%) ခံစားခွင့်ရရှိနိုင်ပါသည်။
ပရီမီယံပေးသွင်းမှုကိုတစ်ကြိမ်တည်းပေးသွင်းရပါသည်။
ဖျားနာမှုအတွက် ဆေးရုံတက်ရောက်ကုသခြင်းသည့် ကိုယ္အဂၤါထိခိုက်မှု အာမခံမှ အကာအကွယ်ပေးသော အန္တရာယ်မဟုတ်ပါ။ အကျုံးမဝင်သော ဘေးအန္တရာယ်တစ်ခုဖြစ်ပါသဖြင့် တောင်းခံ၍မရနိုင်ပါ။
သို့ရာတွင် ဆေးရုံတက်ကုသမှုအနည်းဆုံး (၇)ရက်ရှိခြင်း (သို့မဟုတ်) အိမ်၌အနားယူနေထိုင်ရခြင်းသည် မတော်တဆ ထိခိုက်မှုကြောင့် ဖြစ်ပါက ထိခိုက်ဒဏ်ရာရခြင်းကြောင့် အလုပ်မလုပ်ကိုင်နိုင်ခြင်းအတွက် ဝင်ငွေဆုံးရှုံးသည့် အကျိုး ခံစားခွင့်ကို ရရှိနိုင်ပါသည်။