မေးခွန်းနှင့်အဖြေများ

မေးခွန်းများ


Smart Legacy 5/5

Smart Saving 5/2 ကို ဝယ်ယူပါက ပရီမီယံ ၂ နှစ်ပေးသွင်းရမည်ဖြစ်ပြီး ဝင်ငွေခွန်သက်သာခွင့်မှာ ၂ နှစ်သာ ရမည်ဖြစ်ပြီး Smart Legacy 5/5 ကို ဝယ်ယူပါက ပရီမီယံ ၅ နှစ် ပေးသွင်းရမည် ဖြစ်ပြီး ဝင်ငွေခွန်သက်သာခွင့်မှာ ၅ နှစ်လုံး ရရှိနိုင်ပါသည်။
Smart Saving 5/2 ကို ဝယ်ယူလျှင် အာမခံသက်တမ်းအတွင်း လျော်ကြေးတောင်းခံရမည့်ကိစ္စ တစ်စုံတစ်ရာမဖြစ်ပါက ရှင်သန်မှုအကျိုးခံစားခွင့် (နှစ်စဥ်ကူပွန်) ရပါမည်။ Smart Legacy 5/5 ကို ဝယ်ယူပါက ရှင်သန်မှုအကျိုးခံစားခွင့် (နှစ်စဥ်ကူပွန်) မရရှိနိုင်သော်လည်း ထိုကဲ့သို့သော ခံစားခွင့်များကို နှစ်စေ့ချိန်တွင်စု‌ပေါင်းပြီး နှစ်စေ့အကျိုးခံစားခွင့်ကို ကနဦးအာမခံထားငွေ၏ ၅၅၅% ထိ ရရှိနိုင်ပါသည်။

အသက်အရွယ်ပိုင်းခြားအားလုံးနှင့် မတူညီသော အလုပ်အကိုင်များအားလုံးအတွက် တူညီသောစျေးနှုန်းဖြင့်သာ ပရီမီယံကို ကောက်ခံသည့်အတွက် ငွေစုဆောင်းပြီး အသက်အာမခံ အကာအကွယ်ကိုပါ တစ်ပါတည်းရယူလိုသော သက်ကြီးပိုင်းများအတွက် အထူးသင့်တော်ပါသည်။

အာမခံထားသူမှ ကုမ္ပဏီသို့ ထိုအဖြစ်အပျက်ဖြစ်ပေါ် ပြီး (၆၀)ရက် အတွင်း ပေါ်လစီစာချုပ်တွင် ဖော်ပြထားသည့်အတိုင်း လိုအပ်သည့် စာရွက်စာတမ်းများကို ပြီးပြည့်စုံအောင် တင်ပြပြီး အ‌ကြောင်းကြားရပါမည်။ အာမခံထားသူမှ အကျိုးခံစားခွင့်တောင်းခံရန်အ‌ကြောင်းကြားပြီးပါက အလုပ်လုပ်ရက် (၁၅) ရက် အတွင်း ကုမ္ပဏီက စုံစမ်းစစ်ဆေးမှုများနှင့် လျော်‌ကြေးပေးချေခြင်းဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ပြီးနောက် အကျိုးခံစားခွင့်ကို အာမခံထားသူ (သို့) အကျိုးခံစားခွင့်ရှိသူ (Beneficiary) အား ပေးအပ်ပါမည်။ အကျိုးခံစားခွင့်ရယူပြီးသည့် နောက်နေ့မှစပြီး အကျိုးသက်ရောက်မှု ပျက်ပြယ်သွားမည်ဖြစ်ပြီး ပေါ်လစီသည်လည်း ပြီးဆုံးသွားမည်။

ပေါ်လစီအသက်ဝင်ပြီးနောက်မှ ကနဦးအာမခံထားငွေကို ပြန်လည်ပြင်ဆင်လို့မရပါ။ ပရီမီယံပေးသွင်းမှုပုံစံ နှင့် အကျိုးခံစားခွင့်ရှိသူ‌‌ပြောင်းလဲခြင်းကို ကုမ္ပဏီမှ ခွင့်ပြုပါက ပြင်ဆင်လို့ရပါသည်။

Personal Accident Insurance ကို Smart Legacy 5/5 နှင့် တွဲယူပြီး သေဆုံးမှုအကျိုးခံစားခွင့်ကို ထပ်ဆောင်းရရှိနိုင်ရုံသာမက မမျှော်လင့်သော အခြေအနေများနှင့် ကြုံတွေ့လာရပါက အသေးစားထိခိုက်မှုများအတွက် Personal Accident Insurance အာမခံထားငွေ၏ ရာခိုင်နှုန်းအချို့ကို ရရှိနိုင်ပါသည်။