ပညာရေးအသက်အာမခံ
- ၁ နှစ်ကျော်လွန်ပြီးအကြောင်းကိစ္စတစ်ခုခုကြောင့် သေဆုံးခဲ့လျှင် “သေဆုံးမှုအကျိုးခံစားခွင့်” အား ထုတ်ပေး မည်ဖြစ်ပြီး မည်သည့် ပရီမီယံမျှ ထပ်မံပေးသွင်းရန် မလိုဘဲ ဖြစ်ပွားပြီး နောက်ပိုင်း ပရီမီယံကြေး ပေးသွင်း ရမည့် ရက်ရောက်သည့်နေ့မှစ၍ ပရီမီယံကြေးပေးသွင်း ကာလ ပြီးဆုံးချိန်အထိ ပေါ်လစီရှင်မှ အာမခံကုမ္ပဏီ သို့ ပေးသွင်းရန်ရှိသော ပရီမီယံများ အားလုံးကို ပေးသွင်းရန် မလိုတော့ဘဲ ကင်းလွတ်ခွင့်ရှိပါမည်။ ကင်းလွတ် ခွင့်ပေးထားသည့် ကာလအတွင်း ပေါ်လစီသည် ဆက်လက်တည်မြဲနေပြီး သတ်မှတ်သက်တမ်း ရောက်ရှိ ချိန်တွင် ပညာရေးအကျိုးခံစားခွင့် ကိုရရှိနိုင်ပါသည်။
- ပညာသင်ကြားရေးအကျိုးခံစားခွင့်အဖြစ် ပရီမီယံပေးသွင်းရသည့် သက်တမ်းပြီးဆုံးချိန်မှစ၍ အာမခံ သက်တမ်းစေ့ရောက်သည့်နေ့အပါအဝင် တစ်နှစ်ပြည့်သည့်နေ့သို့ ရောက်တိုင်း အာမခံ ထားငွေ၏ ၂၀%စီကို (၅)နှစ်ဆက်တိုက် အာမခံသက်တမ်းပြီးဆုံးချိန်အထိ ထုတ်ပေးပါမည်။
ပညာရေးအသက်အာမခံသည် ပညာသင်ကလေးများ၏ ပညာရေးရပ်ဆိုင်းမသွားစေဘဲ ဆုံးခန်းတိုင် ဘွဲ့ရသည်အထိ ငွေကြေးအခက်အခဲမရှိ ပညာသင်ကြားနိုင်ရန်အတွက် တစ်ကြိမ်တည်း ထုတ်မပေးဘဲ စာသင်နှစ်အလိုက် ထုတ်ပေးခြင်းဖြစ်ပါသည်။
ဥပမာ –
အာမခံထားငွေ = ၅,၀၀၀,၀၀၀ ကျပ်
အာမခံသက်တမ်း = ၁၁ နှစ်
ပရီမီယံပေးရမည့်သက်တမ်း = ၇ နှစ်
ပညာသင်ကြားရေးအကျိုးခံစားခွင့် = ကျပ် ၁,၀၀၀,၀၀၀(အာမခံထားငွေ၏၂၀%) ပေါ်လစီသက်တမ်း ၇ နှစ်
= ကျပ် ၁,၀၀၀,၀၀၀(အာမခံထားငွေ၏၂၀%) ပေါ်လစီသက်တမ်း ၈ နှစ်
= ကျပ် ၁,၀၀၀,၀၀၀(အာမခံထားငွေ၏၂၀%) ပေါ်လစီသက်တမ်း ၉ နှစ်
= ကျပ် ၁,၀၀၀,၀၀၀(အာမခံထားငွေ၏၂၀%) ပေါ်လစီသက်တမ်း ၁၀ နှစ်
= ကျပ် ၁,၀၀၀,၀၀၀(အာမခံထားငွေ၏၂၀%) ပေါ်လစီသက်တမ်း ၁၁ နှစ်