မေးခွန်းနှင့်အဖြေများ

မေးခွန်းများ


နှစ်တိုငွေပင်ငွေရင်း အသက်အာမခံ

(က)    ဝင်ငွေခွန်သက်သာခြင်း (Tax Deductible)

(ခ)      နှစ်စေ့အကျိုးခံစားခွင့်

(ဂ)      သေဆုံးမှုအကျိုးခံစားခွင့်

(ဃ)    ထာ၀စဉ်မသန်စွမ်းအကျိုးခံစားခွင့်

(င)      အမ်းငွေထုတ်ယူခြင်း(ပေါ်လစီရှင်က ပေါ်လစီကို နှစ်မစေ့ခင် ဖျက်သိမ်းနိုင်သည့် ခံစားခွင့်)

(စ)      ပေါ်လစီကိုစာရင်းပိတ်ခြင်း (ပေါ်လစီရှင်ကအတည်ဖြစ်ပြီးသောပေါ်လစီတွင် ပရီမီယံဆက်လက် မပေးသွင်းနိုင် လျှင် စာရင်းပိတ်နိုင်သည်။ ပေါ်လစီသက်တမ်း စေ့ရောက်သည့်အခါမှသာ စာရင်းပိတ်တန်ဖိုးကို ထုတ်ပေးသည်။)

ပေါ်လစီ(အာမခံသက်တမ်း)မှာ ၅နှစ်၊ ၇နှစ်၊ ၁၀နှစ် ဖြစ်ပါသည်။

အာမခံထားငွေအရသော်လည်းကောင်း၊ အသက်အရသော်လည်းကောင်း လိုအပ်ပါက အာမခံထားသူသည် ဆေးစစ်ရန် လိုအပ်ပါသည်။

အကျိုးခံစားခွင့်တောင်းခံ၍ မရနိုင်သောအချက်များမှာ –

(က)    ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို ဒဏ်ရာရအောင်ပြုလုပ်ခြင်း

(ခ)      အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း မိမိကိုယ်ကိုသတ်သေခြင်း

(ဂ)      မူးယစ်ဆေးဝါး အလွဲသုံးစားပြုလုပ်မှုကြောင့်ဖြစ်ခြင်း

(ဃ)    ဘေးအန္တရာယ်ဖြစ်စေတတ်သောဥပဒေအရ တားမြစ်ထားသော ဆေးဝါးများကိုမှီဝဲခြင်းကြောင့် ဖြစ်ခြင်း

(င)      မိမိကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့် ထာ၀စဉ် မသန်မစွမ်းဖြစ်ခြင်းနှင့်

(စ)     ဖော်ပြရန် ထိန်ချန်ခဲ့သောရှိရင်းစွဲရောဂါကြောင့် ပေါ်လစီစတင်ခဲ့သည့် သက်တမ်း တစ်နှစ်အတွင်း ဖြစ်ပေါ် ခဲ့ခြင်း

အထက်ဖော်ပြပါအချက်များကြောင့် ထာ၀စဉ်မသန်မစွမ်းဖြစ်ပေါ်ခဲ့ပါက အကျိုးခံစားခွင့်ရရှိမည်မဟုတ်ပဲ ပေးသွင်းပြီးသော ပရီမီယံများကို ပြန်လည် ထုတ်ပေးပါမည်။