မေးခွန်းနှင့်အဖြေများ

မေးခွန်းများ


စာသင်သားအသက်အာမခံ

(က)      အာမခံသက်တမ်းအတွင်း အာမခံဝယ်ယူသူ မိခင်/ဖခင် သေဆုံးပါက ကျန်ရှိသော ပရီမီယံကို ဆက်လက်၍ ပေးသွင်းရန်မလိုဘဲ စာသင်သားအသက်အာမခံအကျိုးခံစားခွင့်ကို အာမခံထားသူ ရင်သွေးငယ်(၁၇)နှစ်မှစ၍ အရစ်ကျရရှိခံစားနိုင်သည်။

(ခ)       အကျိုးခံစားခွင့်ကို အသက် (၁၇)နှစ်ပြည့်ချိန်မှစ၍ အသက်(၂၀)ပြည့်သည်အထိ (၄)နှစ် အရစ်ကျ ခံစားနိုင် ပါသည်။

သားသမီးများ၏ ပညာသင်ကျောင်းနေစရိတ်ကို စဉ်ဆက်မပြတ် ရည်မှန်းချက်ပြည့်သည့် ဘွဲ့ရချိန်အထိ ငွေကြေးကိစ္စ မပူပင်ရအောင် (၄)နှစ်ဆက်တိုက် တစ်ကြိမ်တည်း ထုတ်ပေးမည့် အစား အရစ်ကျထုတ်ပေးခြင်းဖြစ်သည်။

ဥပမာ  –

အာမခံထားငွေ                            = ကျပ် ၈,၀၀၀,၀၀၀

အာမခံထားသူရင်သွေးငယ်         =  ၉ နှစ်

အာမခံထားရမည့်သက်တမ်း       =  ၁၁ နှစ်

ပရီမီယံပေးသွင်းရမည့်ကာလ     =  ၈ နှစ်

ပညာသင်ထောက်ပံ့သည့်အကျိုးခံစားခွင့် = ကျပ် ၂,၀၀၀,၀၀၀(အာမခံထားငွေ၏ ၂၅%) (၁၇)နှစ်

= ကျပ် ၂,၀၀၀,၀၀၀(အာမခံထားငွေ၏ ၂၅%) (၁၈)နှစ်

= ကျပ် ၂,၀၀၀,၀၀၀(အာမခံထားငွေ၏ ၂၅%) (၁၉)နှစ်

= ကျပ် ၂,၀၀၀,၀၀၀(အာမခံထားငွေ၏ ၂၅%) (၂၀)နှစ်