အထူးခရီးသွားအာမခံ
အဝေးပြေးယာဉ်စီး ခရီးသည်တစ်ဦးလျှင် (၁)ယူနစ် (ပေါ်လစီ တစ်စောင်)
ကိုယ်ပိုင်ယာဉ်/အငှားယာဉ်စီး ခရီးသည်တစ်ဦးလျှင် (၂)ယူနစ် (ပေါ်လစီ နှစ်စောင်) အထိ ၀ယ်ယူနိုင်ပါသည်။
အဝေးပြေးယာဉ်များအတွက် (၁) ယူနစ်လျှင် (၃၀၀)ကျပ်။
ကိုယ်ပိုင်ယာဉ်များအတွက် (၁) ယူနစ်လျှင် (၃၀၀) ကျပ်မှ (၂) ယူနစ်လျှင် (၆၀၀) ကျပ်အထိ ၀ယ်ယူနိုင်ပါသည်။
ခရီးသွားအာမခံ
ခရီးသွားနေစဉ် သေဆုံးခြင်း၊ ထာဝစဉ်လုံးဝမစွမ်းမသန်ဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းနှင့် ဆေးရုံတက်ရောက်ကုသရခြင်း တို့အတွက် အကာအကွယ်(အကျိုးခံစားခွင့်များ)ရရှိနိုင်ပါသည်။
လေယာဉ် ၊ ရေယာဉ် ၊ ကိုယ်ပိုင်ယာဉ် (သို့မဟုတ်) စင်းလုံးအငှားယာဉ်ဖြင့် စီးနင်းလိုက်ပါသည့် ခရီးသည်များ၊ အများပြည်သူသုံး ယာဉ်လိုင်းများဖြင့် စီးနင်းလိုက်ပါသည့် ခရီးသည်များ ဝယ်ယူ ထားရှိနိုင်ပါသည် ။
အနည်းဆုံး (၁) ယူနစ်မှ အများဆုံး (၂၀) ယူနစ်အထိ ဝယ်ယူနိုင်ပါသည်။ ထားရှိနိုင်သော အာမခံထားငွေမှာ အနည်းဆုံး (၅,၀၀၀,၀၀၀) ကျပ်မှ အများဆုံး (၁၀,၀၀၀,၀၀၀) ကျပ် အထိ ဖြစ်ပါသည်။