ဆေးရုံတက်ခြင်းနှင့် ခွဲစိတ်ကုသမှု ထပ်ဆောင်းအကာအကွယ်
ဆေးရုံတက်ခြင်းနှင့် ခွဲစိတ်ကုသမှု ထပ်ဆောင်းအကာအကွယ်ဆိုသည်မှာ မူလအခြေခံ အသက်အာမခံ အကာအကွယ်ပေါ်တွင် ပြီးပြည့်စုံသောဆေးရုံတက်ခြင်းနှင့် ဆေးကုသမှုစရိတ် အကာအကွယ်များကို ထပ်ဆောင်း ရယူခြင်းဖြစ်ပါသည်။
ဆေးရုံတက်ခြင်းနှင့် ခွဲစိတ်ကုသမှု ထပ်ဆောင်းအကာအကွယ်သည် သီးသန့်၀ယ်ယူနိုင်သော အာမခံအမျိုးအစား မဟုတ်ပဲ နှစ်တိုငွေပင်ငွေရင်း အသက်အာမခံ (Short Term Endowment), ပညာရေးအာမခံ (Education Life) နှင့် စာသင်သားအသက်အာမခံ ( Student Life) အစရှိသော ငွေစုအာမခံ အမျိုးအစားများဖြင့် တွဲဖက်ကာ အစီအစဥ် ၁ မှ ၈ထိ၀ယ်ယူနိုင်ပါသည်။
ဆေးရုံတက်ခြင်းနှင့် ခွဲစိတ်ကုသမှု ထပ်ဆောင်းအကာအကွယ်အတွက် ၀ယ်ယူနိုင်မည့် အသက်အပိုင်းအခြားကိုဖော်ပြပါ။
၀ယ်ယူနိုင်မည့် အသက်သည် အခြေခံအစီအစဉ် အသက်အပိုင်းအခြားပေါ်တွင်မူတည်သည်။ အခြေခံအစီအစဉ်အရ အကျုံးဝင်သည့် အသက်အရွယ်သာလျှင် ထပ်ဆောင်းအကာအကွယ်အတွက် သတ်မှတ်ချက်ပြည့်မီမည်ဖြစ်သည်။
အကျိုးခံစားခွင့်ဇယားတွင်ဖော်ပြထားသည့်အတိုင်း အကျိုးကျေးဇူးများကို သီးခြားစီ ပေးအပ်သွားမည်ဖြစ်ပါသည်။
အာမခံပေါ်လစီသူအဟောင်းကိုင်ဆောင်ထားသူများ၀ယ်ယူနိုင်မည်မဟုတ်ပါ။
အခြေခံအစီအစဉ်တွင် ၀ယ်ယူထားသောအာမခံထားငွေထက်ပိုသော အစီအစဉ်ကို၀ယ်ယူ၍မရပါ။
ပြင်းထန်သော ရောဂါကုသမှုအာမခံ
အောက်ပါရောဂါများကြောင့် သေဆုံးသောအခါ (သို့မဟုတ်) ဆေးကုသမှု ခံယူရသောအခါ အကာအကွယ်ရရှိနိုင်ပါသည်။
– နှလုံးရပ်ခြင်း
– လေဖြတ်ခြင်း
– ကင်ဆာ
– ကျောက်ကပ်ပျက်စီးခြင်း
– အစားထိုးကုသခြင်း
– နှလုံးအဆို့ရှင်အစားထိုးခြင်း (သို့မဟုတ်) ပြုပြင်ခြင်း
– လမ်းကြောင်းလွှဲ၍ နှလုံးခွဲစိတ်ကုသခြင်း
– ပြင်းထန်စွာ မီးလောင်ခြင်း
– သတိမေ့ခြင်းနှင့်
– ဘတ်တီးရီးယားကြောင့်ဖြစ်သော ဦးနှောက်အမြှေးရောင်ခြင်း
အနည်းဆုံး (၁)ယူနစ်မှ အများဆုံး (၁၀) ယူနစ်အထိ ဝယ်ယူနိုင်ပါသည်။
ပရီမီယံကြေးနှုန်းထားများမှာ အာမခံထားသူ၏အသက် အပေါ်မူတည်၍ ပြောင်းလဲမှု ရှိနိုင်ပါသည်။
တစ်ဦးချင်း ထားရှိသူများအနေဖြင့် (၆)လတစ်ကြိမ် (သို့မဟုတ်) (၁)နှစ်စာတစ်လုံးတည်း ပေးသွင်း နိုင်ပါသည် ။
(၅) ဦးနှင့်အထက် ထားရှိသူများအနေဖြင့် (၁) လတစ်ကြိမ် ၊ (၃) လတစ်ကြိမ် ၊ (၆) လတစ်ကြိမ်၊ (၁) နှစ်စာတစ်လုံးတည်း အစရှိသည်ဖြင့် ပေးသွင်းနိုင်ပါသည်။
ပြင်းထန်သော ရောဂါကုသမှု အာမခံ (၁) ယူနစ် ၀ယ်ယူထားလျှင် (၁,၀၀၀,၀၀၀) ကျပ် ၊
(၁၀) ယူနစ် ၀ယ်ယူထားလျှင် (၁၀,၀၀၀,၀၀၀) ကျပ်ကို သေဆုံးမှု အကျိုးခံစားခွင့် အနေဖြင့် ရရှိပါမည်။
ကျန်းမာရေးအာမခံ
(က) ဆေးရုံတက်ရောက်ကုသခြင်း (မတော်တဆမှု၊ ရောဂါကြောင့်)
(ခ) သေဆုံးခြင်း (မတော်တဆမှု၊ ရောဂါကြောင့်)
(ဂ) ခွဲစိတ်ကုသခြင်း
(ဃ) ကိုယ်ဝန်ပျက်ကျခြင်း
(င) ပြင်ပလူနာအဖြစ်ဆေးကုသမှုခံယူခြင်း
သီးခြားဝယ်ယူ၍ မရနိုင်သော အကာအကွယ်ဖြစ်ပါသည်။ အခြေခံအာမခံအကာအကွယ်ဖြစ်သည့် “ဆေးရုံ တက်ရောက်ကုသခြင်း” နှင့် တွဲဘက်ဝယ်ယူရပါမည်။
ဆေးရုံတက်ရောက်ကုသခြင်းအတွက် တစ်ရက်လျှင် အနည်းဆုံး ကျပ် ၁၀,၀၀၀ မှ အများဆုံး ကျပ် ၁၀၀,၀၀၀ အထိ ရရှိနိုင်ပါသည်။