CB Life Insurance မှ Customer များအတွက် COVID-19 Care Funds

ကိုဗစ်ဒုတိယလှိုင်းရိုက်ခတ်မှုဟာ ခန့်မှန်းထားတာထက်ကို ပိုပြီးကြောက်စရာကောင်းတဲ့ပုံစံ မှာရှိနေပါတယ်။ အခုရက်ပိုင်း ပိုးတွေ့လူနာတွေ့ရှိနှုန်းဟာ မြင့်တက်လျက်ရှိတာမို့ အားလုံး အထူးသတိထားပြီး ဂရုစိုက်ဖို့ လိုအပ်ပါမယ်။

ကူးစက်မှုနှုန်းလျင်မြန်ပြီး ဘေးသက်ရောက်မှုများတဲ့ ကိုဗစ်ဒုတိယလှိုင်းမှာ CB Life Insurance အနေနဲ့ မိတ်ဟောင်း၊မိတ်သစ် Customer များအတွက် COVID-19 အပိုဆောင်းအကျိုးခံစားခွင့် ရန်ပုံငွေကျပ်သိန်း (၁၀၀၀) ကို Extra Benefit အနေဖြင့် ဩဂုတ်လ (၂၇) မှ ဒီဇင်ဘာ (၃၁) ရက်နေ့အထိ မတည်ထားပါတယ်။

စက်တင်ဘာလ (၁၇) ရက်နေ့မှစပြီး COVID19 Extra Benefits ရန်ပုံငွေ ကျပ်သိန်း(၁၀၀၀) ထဲမှ ကျပ်သိန်း (၃၀၀) ကို COVID-19 ကူးစက်ခံထားရသော Positive Cases လူနာများအတွက် ရန်ပုံငွေခံစားခွင့်ပေးထားပြီး ကျန်ရန်ပုံငွေမှာ COVID-19 ကြောင့်အထူးကြပ်မတ်ဆောင် တွင်ဆေးကုသခံယူရ‌နေသူများ (ICU patients only) အတွက်သာဖြစ်ပါတယ်။

 

အကျုံးဝင်သည့် အာမခံများနဲ့ ထပ်ဆောင်းအကျိုးခံစားခွင့်များ (COVID19 Positive Cases – ICU patients)
💰  နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ၊ တစ်မူထူးခြားသည့် အသက်အာမခံ၊ ပြည်သူပြည်သားအသက်အာမခံ၊ ပညာရေးအသက်အာမခံ၊ စာသင်သားအသက်အာမခံများ ဝယ်ယူထားသူများကို ကျပ် (၁၀သိန်း) တိတိကိုကူညီထောက်ပံ့ပေးမှာဖြစ်ပြီး
💰  စုပေါင်းအသက်အာမခံနှင့် ကျန်းမာရေးအာမခံများဝယ်ယူထားသူများကို ကျပ် (၅သိန်း) တိတိကိုကူညီထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

အကျုံးဝင်သည့်ကာလ

August 27 – December 31 (သို့) Funds ကုန်ဆုံးချိန်အထိ

မှတ်ချက်
♦ Customer တစ်ဦးလျှင်တကြိမ်သာ ခံစားခွင့်ရှိပါတယ်။

♦ COVID-19 ကြောင့်အထူးကြပ်မတ်ဆောင် (ICU)တွင်ဆေးကုသခံယူရ‌နေသူများအတွက်သာဖြစ်ပါတယ်။

 

အကျုံးဝင်သည့် အာမခံများနဲ့ ထပ်ဆောင်းအကျိုးခံစားခွင့်များ (COVID19 Positive Cases)

💰  နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ၊ တစ်မူထူးခြားသည့် အသက်အာမခံ၊ ပြည်သူပြည်သားအသက်အာမခံ၊ ပညာရေးအသက်အာမခံ၊ စာသင်သားအသက်အာမခံ၊ စုပေါင်းအသက်အာမခံနှင့် ကျန်းမာရေးအာမခံများဝယ်ယူထားသူများကို ကျပ် (၂ သိန်း) တိတိကိုကူညီထောက်ပံ့ပေးမှာဖြစ်ပါတယ်။

အကျုံးဝင်သည့်ကာလ

September 17 – December 31 (သို့) Funds ကုန်ဆုံးချိန်အထိ

မှတ်ချက်
♦ Customer တစ်ဦးလျှင်တကြိမ်သာ ခံစားခွင့်ရှိပါတယ်။

 

သင့်ဘဝအနာဂတ်လုံခြုံဖို့ CB Life မှာအာမခံထားကြစို့